နှစ် ၃၀၀၀ သက်တမ်းရှိပြီး အလွန်ရှားပါးသည့် ကြေးခေတ်ဓားတစ်လက်ကို တူးဖော်တွေ့ရှိ

16.6.2023-yyl-2.jpg

ဂျာမနီနိုင်ငံမှ ရှေးဟောင်းပညာရှင်တွေဟာ နှစ်သက်တမ်း ၃၀၀၀ ရှိပြီး အလွန်ရှားပါးတဲ့ ကြေးခေတ် ဓားတစ်လက်ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဘာဗေးရီးယားပြည်နယ်၊ နော့ဒ်လင်ဂန်မြို့မှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတစ်ဦးကို မြှုပ်နှံထားတဲ့ သင်္ချုင်းဂူကနေ ဒီဓားကို တွေ့ရှိခဲ့တာပါ။

အစင်းရာ အနည်းအကျဉ်းရှိတာကလွဲပြီး နေရောင်ထဲမှာ ပြိုးပြိုးပြက်ပြက် တောက်ပနေဆဲပါ။ အသွားနဲ့ လက်ကိုင်ကို တွဲစပ်ထားတဲ့ပုံစံကြောင့် ကြေးခေတ် D-type Rixheim ဓားပုံစံနဲ့ တူညီပြီး လက်ကိုင်အောက်ခြေမှာတော့ အဋ္ဌဂံအပိတ် တပ်ဆင်ထားပါတယ်။

ကြေးခေတ်က အဋ္ဌဂံအပိတ်ပါ ဓားတွေကို ဂျာမနီနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ တူးဖော်တွေ့ရှိခဲ့ဖူးတာကြောင့် ဒီဓားဟာ ဒေသခံတွေ လုပ်ခဲ့တာလား၊ ဒါမှမဟုတ် တခြားနေရာကနေ ပို့ခဲ့တာလားဆိုတာ သိရဖို့ သိပ္ပံပညာရှင်တွေက ချင့်ချိန်သုံးသပ်နေဆဲပါ။

Ref: ‘Extremely rare’ and well-preserved 3,000-year-old sword has been discovered in Germany

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top