လာမယ့်သြဂုတ်လ (၂) ရက်နေ့မှာ မန္တလေးမြို့၊ မန္တလာသီရိအားကစားရုံအတွင်း ကျင်းပသွားမယ့် WLC: KING OF NINE LIMBS အတွက် ခေါင်ပွဲနဲ့ ဒုခေါင်ပွဲတွေကို WLC က အတည်ပြုထုတ်ပြန်လိုက်ရာမှာ ခေါင်ပွဲအဖြစ် WLC ကစာချုပ်ချုပ်ဆိုထားတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဇု (Dave Leduc) က UFC ဖိုက်တာဟောင်း အမေရိကန်နိုင်ငံသား ဆက်သ်ဘက်ဇင်စကီး Seth Baczynski ကို WLC ပွဲဦးထွက်အဖြစ် ရင်ဆိုင်သွားမယ်လို့သိရပါတယ်။

WLC ကစာချုပ်ချုပ်ဆိုထားတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဇု (Dave Leduc)

UFC ဖိုက်တာဟောင်း အမေရိကန်နိုင်ငံသား ဆက်သ်ဘက်ဇင်စကီး Seth Baczynski
ဒေ့ဗ်ဟာ မြန်မာ့လက်ဝှေ့ပရိသတ်တွေနဲ့ မစိမ်းသူတစ်ဦးဖြစ်ပြီး UFC ဖိုက်တာဟောင်း ဆက်သ်ဘက်ဇင်စကီးဟာလည်း တိုက်ခိုက်ရေးအားကစားလောကမှာ အတွေ့အကြုံရင့် ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။ ဒီပွဲစဉ်ကို WLC က ခရူဇာဝိတ်တန်း (၇၉-၈၄ ကီလို) ချန်ပီယံလုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ကာ အနိုင်ရရှိသူက WLC ရဲ့ပထမဆုံး ခရူဇာဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်လာမှာပါ။
ဒုခေါင်ပွဲအဖြစ် WLC က ကြေညာလိုက်တာကတော့ စိုးလင်းဦး၊ စောဘဦးတို့လို မြန်မာ့လက်ဝှေ့ကျော်တွေကို ဖြတ်ကျော်ခဲ့သူ လိုက်မစ်ဒယ်ဝိတ်တန်း (၆၇-၇၁ ကီလို) WLC ကမ္ဘာ့ချန်ပီယံ ပိုလန်နိုင်ငံသား အာသာဆာလာဒီးယပ်က် (Ahtur SalaDiak) နဲ့ ပြီးခဲ့တဲ့ WLC: MIGHTY WARRIORS မှာ ရွှေရာမာဉ်ကို အလဲထိုးအနိုင်ယူခဲ့သူ ယူကရိန်းနိုင်ငံသားဆာရှာမွိုင်ဆာ (Sasha Moisa) တို့ရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို WLC က လိုက်မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ကျင်းပမှာဖြစ်ပါတယ်။
WLC: KING OF NINE LIMBS ဟာ WLC က စီစဉ်ကျင်းပတဲ့ (၉) ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပြီး မန္တလေးမြို့၊ မန္တလာသီရိအားကစားရုံမှာ လာမည့်သြဂုတ်လ (၂) ရက်နေ့ ညနေ (၅) နာရီခွဲအချိန် စတင်ကျင်းပသွားမှာဖြစ်ပြီး CANAL+ ရုပ်သံလိုင်းနဲ့ UFC Fight Pass တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသွားသွားမယ်လို့ သိရပါတယ်။
Team (ရိုးရာလေး)