ချဲလ်ဆီးကို ဝယ်ဖို့ စိတ်ဝင်စားနေတဲ့ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်

55473453_2292141184150122_129058394240712704_n.jpg

ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်က ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။ ရက်ကလစ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စာချုပ်ချုပ်ဆိုနိုင်လောက်တဲ့ အဆင့်အထိ မရောက်ခဲ့ပါဘူး။

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ပေါင် ၂.၁ ဘီလျံရမှ ရောင်းချမှာဖြစ်ပြီး ရက်ကလစ်ရဲ့ ကမ်းလှမ်းမှုပမာဏက နည်းပါးခဲ့ပါတယ်။ ဒါကြောင့် အေဘရာမိုဗစ်ရဲ့ သူ့ရဲ့ကမ်းလှမ်းမှုကို အရေးတယူမလုပ်ခဲ့ပါဘူး။ အသက် ၆၆ နှစ်အရွယ်ရှိတဲ့ ရက်ကလစ်ဟာ အသားတင်ချမ်းသာကြွယ်ဝမှု ပေါင် ၂၁ ဘီလျံရှိပြီး Team Sky စက်ဘီးအသင်းကို ဝယ်ယူခဲ့သူပါ။ သူ့လက်ထက်မှာ Team Sky အသင်းကို သူ့ရဲ့ရေနံဓာတုကုမ္ပဏီအတိုင်း Team Ineos လို့ အမည်ပေးခဲ့ပါတယ်။

ဗြိတိန်နဲ့ ရုရှားနိုင်ငံကြား ဆက်ဆံရေးအခြေအနေ ဆိုးရွားနေပြီး ပြီးခဲ့တဲ့နွေရာသီက ဗြိတိန်နိုင်ငံ ပြည်ဝင်ခွင့်လျှောက်ထားရာမှာ အခက်အခဲ ကြုံတွေ့ခဲ့တဲ့ အေဘရာမိုဗစ်ဟာ တစ်ရာသီလုံးနီးပါး စတန်းဖို့ဒ်ဘရစ်ကွင်းကို မလာခဲ့ပါဘူး။ အေဘရာမိုဗစ်ဟာ အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားလို့ ဗီဇာမလိုဘဲ ဗြိတိန်နိုင်ငံမှာ ၆ လအထိ နေခွင့်ရပေမဲ့ ချဲလ်ဆီးအသင်းထံ ရောက်မလာခဲ့တာပါ။ ဒါ့အပြင် စတန်းဖို့ဒ်ဘရစ်မှာရှိတဲ့ သူ့အိမ် ပြင်ဆင်မွမ်းမံမယ့်ကိစ္စကိုလည်း အေဘရာမိုဗစ်က ဆိုင်းငံ့ထားပါတယ်။ ဒါပေမဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်က ချဲလ်ဆီးအသင်းကို ရောင်းချမှာမဟုတ်ဘူးလို့ ချဲလ်ဆီအသင်းက တုံ့ပြန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply