သူ့အဖေအရွယ်ရှိနေတဲ့ မေဝယ်သာက လက်ဝှေ့ပွဲ ၁၁ ချီထိုးခွင့်ရရင်တောင် သူ့ကို နိုင်မှာမဟုတ်ဘူးလို့ ခါဘီနာမာဂိုမီဒေါ့ဗ် လှောင်ပြောင်

yyl-037.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမားဟောင်း မေဝယ်သာနဲ့ ထိုးသတ်ဖြစ်ခဲ့ရင် မေဝယ်သာက သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံသား သိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။ အသက် ၄၃ နှစ်ရှိတဲ့ မေဝယ်သာဟာ ၂၀၁၇ ခုနှစ်မှာ အိုင်ယာလန် သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ်နဲ့ ထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ မေဝယ်သာရဲ့ အကူလူတွေက သူတို့ဆီလာပြီး လက်ဝှေ့ပွဲထိုးသတ်နိုင်အောင် စာချုပ်ချုပ်ဆိုဖို့ ခခယယ တောင်းဆိုခဲ့တယ်လို့ ခါဘီရဲ့မန်နေဂျာ အလီက ပြောပါတယ်။ အလီက အဲဒီလို ပြောပြီးနောက်မှာတော့ မေဝယ်သာက မက်ဂရီဂေါ်နဲ့ ခါဘီတို့ နှစ်ယောက်လုံးကို တစ်ရက်တည်း ထိုးလို့တောင်ရတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မေဝယ်သာရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ခါဘီကို မေးမြန်းရာမှာ “သူက မီဒီယာစာမျက်နှာတွေမှာ ထိပ်ဆုံးက ပါချင်နေတာပါ။ သူ့မွေးနေ့ လုပ်ခဲ့တာ သိပ်မကြာသေးဘူး။ သူက ၄၈၊ ၄၉ နှစ်လောက်ရှိနေပြီ။ ကျွန်တော့်အဖေ အသက်လောက်ရှိပြီ။ သူ့မျက်နှာကို ကျွန်တော် ဘယ်လိုစိတ်နဲ့ ထိုးရမလဲမသိသေးဘူး။ သူ့ဘက်က ထိုးချင်ရင်တော့ UFC ကို လာခဲ့ပေါ့။ ဒါက တကယ့်တိုက်ခိုက်ရေးပွဲပါပဲ။ ကျွန်တော်က လက်ဝှေ့သမားမဟုတ်ဘူး၊ နပန်းသမားလည်း မဟုတ်ဘူးလေ။ ကျွန်တော်က သိုင်းပေါင်းစုံ ကစားသမားပါ။ သူ့ဘက်က စိတ်ဝင်စားရင်တော့ လက်ဝှေ့ပွဲ ၁၁ ချီထိုးပြီး သိုင်းပေါင်းစုံ တစ်ချီထိုးပေါ့။ ၃ မိနစ် လက်ဝှေ့ပွဲ ၁၁ ချီထိုးပြီး နောက်တစ်ချီကို ၅ မိနစ်ကစားရမယ့် သိုင်းပေါင်းစုံပွဲ ထိုးကြတာပေါ့။ သူ့ဘက်က စာချုပ်ချုပ်ရင် ကျွန်တော် ထိုးမှာပါ’’လို့ ခါဘီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top