ရာမို့စ်က ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးလို့ ချီးကျူးလိုက်တဲ့ ချီလီနီ

aa6.jpg

ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်ကို ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးလို့ ဂျူဗင်တပ်နောက်ခံလူ ချီလီနီက ချီးကျူးခဲ့ပါတယ်။ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ကစားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီပွဲမတိုင်ခင် ချီလီနီက ရာမို့စ်ကို ချီးကျူးခဲ့တာပါ။

”မနှစ်တုန်းက ရီးရဲလ်နဲ့ ကစားတဲ့ပွဲစဉ်မတိုင်ခင်ကလည်း ကျွန်တော် အခုလို ပြောခဲ့ဖူးပါတယ်။ အခုချိန်မှာ ရာမို့စ်က ပင်နယ်တီကန်တဲ့တာဝန်ပါ ယူနေပါတယ်။ သူက လောလောဆယ် ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးပါ။ အဲဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်။ သူက အမှားလုပ်ခဲပါတယ်။ အမှားတစ်ခုခု လုပ်ခဲ့မယ်ဆိုရင်လည်း အဲဒီအမှားက ကစားသမားတိုင်း မှားတတ်တဲ့ အမှားမျိုးပါ။ သူက ကွင်းတွင်း၊ ကွင်းပြင်မှာ ခေါင်းဆောင်တစ်ဦးပါ။ သူက ကိုယ့်အသင်းကိုရော၊ ပြိုင်ဘက်အသင်းကိုပါ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ကစားသမားပါ”လို့ ချီလီနီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top