မန်ယူနည်းပြဘဝမှာ ဖာဂူဆန် နောက်ဆုံးဝါးခဲ့တဲ့ ပီကေကို ပေါင် ၃၉၀၀၀၀ နဲ့ လေလံတင်ရောင်းချ

54519236_2292141154150125_5368724384313769984_n.jpg

ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၆ နှစ်ခွဲကြာ နည်းပြခဲ့တဲ့ကာလအတွင်း ပွဲပေါင်း ၁၅၀၀ ကိုင်တွယ်ခဲ့သူပါ။ ကွင်းဘေးစည်းကနေ အော်ဟစ်နေချိန်မှာပဲဖြစ်ဖြစ်၊ အိုးထရက်ဖို့ဒ်ကွင်းက နည်းပြစင်မြင့်ပေါ် ထိုင်နေချိန်မှာပဲဖြစ်ဖြစ် အမြဲတမ်း ပီကေဝါးနေတတ်တဲ့ ဖာဂူဆန်ဟာ မန်ယူနည်းပြဘဝမှာ အနည်းဆုံး ပီကေအထုပ် ၃၀၀၀ စားခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။

မန်ယူအသင်း ရှုံးနေတဲ့အချိန်ဆို ဖာဂူဆန်က ပီကေကို ခပ်ပြင်းပြင်းဝါးပြီး စိတ်ဖိစီးမှုတွေ ဖြေဖျောက်တယ်လို့ ဆိုပါတယ်။ မန်ယူနည်းပြအဖြစ် ဖာဂူဆန် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်ကတော့ ၂၀၁၃ ခုနှစ်က ဟော်သွန်းကွင်းမှာ ဝက်စ်ဘရွန်းနဲ့ ၅ ဂိုးစီ သရေကျတဲ့ပွဲပါ။ ပွဲမစခင် ဝက်စ်ဘရွန်းအသင်းက လာဘ်ကောင်အဖြစ် ပါဝင်တဲ့ ကလေးငယ်က ဖာဂူဆန်ကို လက်ဆောင်အဖြစ် ပီကေတစ်ထုပ်ပေးခဲ့ပါတယ်။

မန်ယူနည်းပြဘဝမှာ ဖာဂူဆန် နောက်ဆုံးဝါးပြီး ထွေးထုတ်ခဲ့တဲ့ ပီကေကို
ပရိသတ်တစ်ယောက်က ကောက်ယူထားပြီး ebay ကနေ လေလံတင်ခဲ့တာပါ။ မန်ယူနည်းပြဘဝမှာ ဖာဂူဆန် နောက်ဆုံးဝါးခဲ့တဲ့ ပီကေကို လိုချင်သူ တော်တော်များများ ရှိခဲ့လို့ အပြိုင်အဆိုင် ဈေးပေးခဲ့ကြပြီး ပေါင် ၃၉၀၀၀၀ နဲ့ လေလံအောင်မြင်သွားခဲ့တာပါ။ ပီကေရောင်းလို့ ရလာတဲ့ငွေကြေးအားလုံးကို ပရဟိတလုပ်ငန်းအတွက် အသုံးပြုမယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top