Amazon ကုမ္ပဏီမှ emailများ နှင့် ဖုန်းနံပါတ်များ ပေါက်ကြားစေခဲ့သော ဝန်ထမ်းများအား အလုပ်မှ ရပ်ဆိုင်းခဲ့

yyl-037-3.jpg

Amazon ကုမ္ပဏီသည် ယခုတစ်ပတ်အတွင်း ကုမ္ပဏီနှင့် လုပ်ငန်းဆက်စပ်မှုမရှိသည့် အခြားပြင်ပ အဖွဲ့အစည်းသို့ customer များ၏ emailများ နှင့် ဖုန်းနံပါတ်များအား ပေါက်ကြားစေခဲ့သော ဝန်ထမ်းများကို အလုပ်မှထုတ်ခဲ့သည်။

ထို့နောက် Amazon customer service team မှ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းသည် ကုမ္ပဏီ၏ တားမြစ်ထားသော စည်းကမ်းနှင့် မကိုက်ညီကြောင်း နှင့် တရားဥပဒေ အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို customer များသိစေရန် social media ပေါ်တွင် Amazon ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ရေးသားဖော်ပြခဲ့သည်။

ထုတ်ပယ်လိုက်သည့် ဝန်ထမ်း ဘယ်နှစ်ဦးဖြစ်ကြောင်း နှင့် နစ်နာသူ customer ဘယ်နှစ်ဦးပါဝင်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply