HUAWEI P30 Series နှင့်အတူ ကြယ်တာရာများဆီသို့ အရောက်သွားခဲ့ကြသူများ

Event_Image-5.jpg

HUAWEI Consumer Business Group (Myanmar) မှ ကြီးမှုးပြီး HUAWEI P Series အသုံးပြုသူများအတွက် Mobile Photography Workshop တစ်ခုအား မေလ (၆) ရက်နေ့ နှင့် (၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့၌ ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ Mobile Photography Workshop သို့ ပါဝင်လိုသူများမှာ HUAWEI P30 Series ဖြင့် ရိုက်ကူးထားသော Low Light ဓာတ်ပုံများ အရင်ဆုံးပေးပို့ခဲ့ရပြီး အဆိုပါပေးပို့သူများထဲမှ အယောက် (၂၀) အား ရွေးချယ်ကာ ကလောသို့ စရိတ်ငြိမ်း ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အဆိုပါ Mobile Photography Workshop တွင် ဓာတ်ပုံပညာရှင် ကိုအောင်ပြည့်စိုးမှ မိုဘိုင်းဓာတ်ပုံ ရိုက်ကူးခြင်း၊ Pro Mode ဖြင့်ဓာတ်ပုံရိုက်ကူးခြင်း အစရှိသောပညာရပ်များနှင့် ဓာတ်ပုံရိုက်ကူးရာတွင် သိသည့် သိထိုက်သည့် Tips and Tricks များအား စာတွေ့ဖြင့် အရင်ဝေမျှရှင်းလင်းခဲ့သည်။ စာတွေ့ဖြင့် ရှင်းလင်းပြီးနောက် Mobile Photography Workshop ကျင်းပရာနေရာဖြစ်သည့် ပတ်တူတောင်ပေါ်တွင် ဓာတ်ပုံပညာရှင် ကိုအောင်ပြည့်စိုးမှ Landscape ဓာတ်ပုံရိုက်ကူးခြင်း၊ Low-Light ဓာတ်ပုံရိုက်ကူးခြင်း၊ Star Trails ဓာတ်ပုံရိုက်ကူးခြင်း၊ Light Painting အစရှိသည့် ပညာရပ်များအား ဝေမျှခဲ့သည်။ ညဘက်ရောက်သည့်အခါ ကိုအောင်ပြည့်စိုးမှ ဦးဆောင်ပြီး လိုက်ပါလာသည့်သူနှင့်အတူ HUAWEI P30 Pro တစ်လုံးတည်းအသုံးပြုကာ ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသော ကြယ်တာရာများ၊ နဂါးငွေ့တန်းများ အစရှိသည့် မက်မောဖွယ်ကောင်းသည့် ပုံရိပ်များအားလည်း အတူတကွ ရိုက်ကူးခဲ့ကြသည်။

HUAWEI P30 Series သည် ဈေးကွက်ထဲသို့ စတင်ဝင်ရောက်သည့် အချိန်မှ စတင်ကာ ၎င်း၏ တစ်မူထူးခြားသည့် ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် လူကြိုက်များလျှက်ရှိပြီး လက်ရှိတွင် လည်း DxOMark တွင် အမှတ်ပေါင်း (၁၁၂) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်ကာ ရပ်တည်လျှက်ရှိသည်။ HUAWEI P30 Series နှင့် အခြားသော HUAWEI Flagship စမတ်ဖုန်းများတွင် ပါဝင်လေ့ရှိသော ကင်မရာပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအား အဓိကအသုံးပြုကာ ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသည့် ကြယ်တာရာများနှင့် နဂါးငွေ့တန်းများအား အခြားသော ကင်မရာအထောက်အပံ့များအသုံးမပြုဘဲ ရိုက်ကူးခဲ့ကြပြီး ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ပြန်လည်ရေးသားခဲ့ကြသည်။

ယခုကဲ့သို့ Mobile Photography ပြုလုပ်ဖြစ်ပုံ နှင့် ပတ်သက်ပြီး HUAWEI Consumer Business Group ၏ Marketing Director တစ်ဦးဖြစ်သည့် မခင်ရတနာဝင်း မှ “ကျွန်မတို့ အနေနဲ့ Mobile Photography Workshop ကို ပြုလုပ်တာက ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်နှစ်တွေတုန်းကလည်း ပြုလုပ်ဖူးပါတယ်။ အရင်နှစ်တွေတုန်းကတော့ အခြား Theme တွေ နဲ့ ပြုလုပ်ခဲ့တာပါ။ ဒီနှစ်ကတော့ Low-Light Feature ကို အဓိက အလေးပေးတဲ့ workshop ကို ပြုလုပ်ခဲ့တာပါ။ ပြီးတော့ ဒီနှစ်မှာလည်း ကျွန်မတို့ HUAWEI စမတ်ဖုန်းတစ်လုံးတည်းနဲ့ ဘယ်လောက်တောင်ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်တယ်ဆိုတာကို ပိုပြီးတော့ သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်မတို့ HUAWEI P Series ဖုန်းတွေဟာဆိုရင် Low-Light Photography နဲ့ ပတ်သက်ပြီးတော့ လူသိများပါတယ်။ ပြီးတော့ Leica နဲ့ ပူးပေါင်းထားတာဖြစ်တဲ့ အတွက်လည်း အကောင်းဆုံးသောဆိုတဲ့ ဓာတ်ပုံပုံရိပ်တွေကို ပေးစွမ်းနိုင်တာ အားလုံးလည်း သိပါတယ်။ ကျွန်မတို့ သွားရောက်ရိုက်ကူးခဲ့တဲ့ ပတ်တူတောင်မှာဆိုရင်လည်း ညဘက် ဘာအလင်းရောင်မှ မရှိတဲ့အချိန်မှာ HUAWEI P30 Pro တစ်လုံးတည်းနဲ့ အခုလိုမျိုးလှပတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကလည်း HUAWEI P30 Series မှာ ပါတဲ့ ကြီးမားတဲ့ ကင်မရာဆင်ဆာ၊ Lens တွေကြောင့် ရိုက်ကူးနိုင်တာ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးကနေ လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ဘောင်တွေထက်ကိုကျော်ပြီး HUAWEI P30 Series ဟာ စည်းမျဉ်းစည်းကမ်းအသစ်ကို ရေးမှတ်နိုင်ခဲ့တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top