HUAWEI nova 10 SE အား ငွေကျပ် ၉၄၉,၀၀၀ ဖြင့် Pre-order မှာယူနိုင်ပြီ

25-11-2022yyl01.jpg

HUAWEI nova 10 SE အား မြန်မာကျပ် ၉၄၉,၀၀၀ ဖြင့် နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၃၀)ရက်နေ့ အထိ Pre-order မှာယူနိုင်ပြီး Pre-order ကာလအတွင်း Huawei Band 7 အား လက်ဆောင်ပေးသွားမည်ဟု Huawei Consumer Business Group (BG) (မြန်မာ)မှ သတင်းထုတ်ပြန်ခဲ့သည်။

ယခင် nova model ဖုန်းများနှင့် သိသိသာသာ ခွဲထွက်ထားသည့် HUAWEI nova 10 SE ကို ကြယ်ပတ်လမ်းကြောင်းပုံစံနှစ်ခုဖြင့် ဖန်တီးထားပြီး တစ်မူထူးခြားသည့် ကိုယ်ထည်အသား၊ တစ်လက်လက်တောက်ပသော အရောင်လေးများဖြင့် ဖန်တီးထုတ်လုပ်ထားသည်။

အနောက်ကိုယ်ထည်ဒီဇိုင်းမှာလည်း တောက်ပချောမွေ့သော Matte အသားဖြင့်ပြုလုပ်ထားပြီး AF Processing မှ အစွန်းအထင်းများ၊ ဆီ၊ ရေနှင့် နေ့စဉ်အသုံးပြုရာမှ ဖြစ်ပေါ်သည့် အစင်းရာထင်ခြင်းစသည်တို့ကို ခံနိုင်စေသည်။ HUAWEI nova 10 SE ကို Starry Silver (ငွေမှင်ရောင်)၊ Mint Green (အစိမ်းရောင်)၊ Starry Black (အနက်‌ရောင်) ဟူ၍ ထုတ်လုပ်ထားပြီး RAM 8GB +256GB Storage ဖြင့် ရရှိမည်ဖြစ်သည်။

HUAWEI nova 10 SE တွင် 108MP High-Res Portrait Camera ပါဝင်ပြီး သာမာန်သတိမထားမိနိုင်သော အသေးစိတ်များအား ပေါ်လွင်နိုင်စေကာ RAW domain တွင် Multi-frame fusion algorithm အား အထောက်အပံ့ပေးထားသည်။ ဖုန်း၏ 6.67-inch OLED HUAWEI full-View Display၊ 4500mAh battery နှင့် vlog-shooting features များမှ အကောင်းဆုံး EMUI 12 လုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့စေသည်။

HUAWEI nova 10 SE သည် 184g အလေးချိန်ရှိပြီး 7.39mm အထူရှိသည့်အတွက် လက်ထဲတွင် သက်တောင့်သက်သာ ဖြစ်ပြီး အိတ်ကပ်ထဲတွင်လည်း လွယ်လွယ်ကူကူသယ်သွားနိုင်မည်ဖြစ်သည်။

HUAWEI nova 10 SE တွင် 100% P3 wide colour gamut အား အထောက်အပံ့ပေးပြီး 90Hz refresh rate၊ 270Hz touch sampling rate တို့အပြင် အကောင်းဆုံး အသေးစိတ်မြင်ကွင်းများအား ပေးစွမ်းနိုင်သော 6.67 လက်မ OLED HUAEWI Full-view Display ဖြင့်ထုတ်လုပ်ထားသည်။

HUAWEI nova 10 SE ၏ မျက်နှာပြင်ဘေးပတ်လည်ရှိ ပြားပြီးပါးလွှာသော ဘေးဘောင်လေးများကြောင့် မျက်နှာပြင်မြင်ကွင်းကို ပိုမိုကျယ်စေပြီး screen-to-body ratio မှာ 91.85% ရှိသည်။ HUAWEI nova 10 SE သည် P3 wide colour gamut display အားထောက်ပံ့ပေးသောကြောင့် အလင်းအမှောင်ထိန်းညှိနိုင်ကာ စိုပြည်တောက်ပသော အရောင်များကို ရရှိနိုင်မည်ဖြစ်သည်။

HUAWEI nova 10 SE တွင် Always-on-Display notification အားထောက်ပံ့ပေးသည့်အတွက် အချိန်နှင့် ဘက်ထရီ စသည်ဖြင့် အရေးကြီးသောအကြောင်းအရာများကို ဖုန်းပိတ်ထားလျင်တောင် ဖုန်းမျက်နှာပြင်တွင်မြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိစိတ်ကြိုက် Screen-off themes များအားလည်း ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova 10 SE သည် အလင်းရောင်အခြေအနေပေါ်တွင်မူတည်၍ အလင်းအမှောင်ထိန်းညှိပေးနိုင်သော 10K-Level Auto Brightness Adjustments အားလည်း အထောက်အပံ့ပေးသည်။ မျက်လုံးထိခိုက်မှုလျော့နည်းစေရန် နောက်ဆုံးပေါ် Hardware နှင့် Software နည်းပညာကိုအသုံးပြု၍ ရုပ်ပုံများအတွင်းရှိ Blue sub-pixels များအား လျော့နည်းအောင် အထူးပြုလုပ်ထားသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top