ခိုင်မာသည့် စီးပွားရေးတိုးတက်မှု၊ ထိပ်တန်းအမှတ်တံဆိပ်အဖြစ် ကမ္ဘာတစ်ဝှမ်း အသိအမှတ်ပြုခံရမှုတို့နဲ့အတူ အသွင်သစ်နဲ့ Huawei ကို မိတ်ဆက်

hawei-local.jpg

Huawei Device Myanmar က ပြောင်းလဲသုံးစွဲသွားမယ့် အမှတ်တံဆိပ်အသွင်သစ်ကို ၂၀၁၈ ခုနှစ်၊ မေလ ၁ ရက်နေ့က ရန်ကုန်မြို့၊ ဂျန်းရှင်းစီးတီး New Huawei Roadshow ပွဲမှာမိတ်ဆက်ပေးခဲ့ပါတယ်။

Huawei ဟာ စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီး တီထွင်ဆန်းသစ်မှု၊ သုံးစွဲသူဗဟိုပြု ထုတ်ကုန်တွေကို ထုတ်လုပ်နေမှု စတာတွေကို ကိုယ်စားပြုမယ့် အမှတ်တံဆိပ် အသွင်သစ်အကြောင်း ရှင်းလင်းတင်ပြပြီး လက်ရှိဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံး Nova 3e ၊ Y9 (2018) နှင့် Y7 Pro (2018) တို့ကို စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေနဲ့အတူ ရောင်းချခဲ့ပါတယ်။။

တီထွင်ဆန်းသစ်တဲ့ လုပ်ဆောင်ချက်တွေနဲ့ သာလွန်ကောင်းမွန်တဲ့ သုံးစွဲသူ အတွေ့အကြုံတွေကို အဓိကထားတာကြောင့် ၂၀၁၇ ခုနှစ်မှာ BrandZ ရဲ့ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး အမှတ်တံဆိပ် ၁၀၀ စာရင်းမှာ ၄၉ ခုမြောက်၊ Forbes ရဲ့ကမ္ဘာ့တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်စာရင်းမှာ ၈၈ခုမြောက်အဖြစ် မှတ်တမ်းတင်ဖော်ပြခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

“ကျွန်မတို့ အနေ နဲ့ ပိုမိုကျယ်ပြန့်တဲ့ သုံးစွဲသူတွေဆီ ရောက်ရှိဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သုံးစွဲသူတွေကို အရည်အသွေးမြင့်မားတဲ့ အတွေ့အကြုံတွေ အစဉ်မပြတ် ယူဆောင်လာနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်အသစ်ရဲ့ အဓိပ္ပာယ်ကတော့ ဒီဇိုင်းနှင့် တီထွင်ဆန်းသစ်မှုကိုကိုယ်စားပြုပြီး၊ ရှေ့ဆက်သွားမယ့်ခရီးမှာ ကျွန်မတို့ရဲ့နည်းပညာကျွမ်းကျင်မှုတွေကို အကောင်းဆုံးအသုံးချပြီး ခေတ်မီဆန်းသစ်တဲ့ ထုတ်ကုန်တွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ရောင်းချပေးသွားဖို့ ရည်ရွယ်ပါတယ်” လို့လည်း Huawei Devices Myanmar က Marketing Director ဖြစ်သူ မခင်ရတနာဝင်းက ပြောကြားခဲ့ပါတယ်။

New Huawei Roadshow အခမ်းအနားမှာ ဈေးကွက်အတွင်း လူအများကြိုက်နှစ်သက်လျက်ရှိတဲ့ Y Series နှင့် Nova Series တွေကို ပြသရောင်းချပေးခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူတဲ့ Y series အသစ်က အဆင့်မြင့်စမတ်ဖုန်းတွေမှာ ပါဝင်တဲ့လုပ်ဆောင်ချက်၊ နည်းပညာတွေအား ဈေးနှုန်းအသင့်အတင့်နဲ့ပဲ ဝယ်ယူသုံးစွဲလိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲမှာ ရေပန်းစားနေတဲ့ notch ဒီဇိုင်းအတွက်ဆိုရင်လည်း Nova Series ထဲက Nova 3e ကို ဝယ်ယူနိုင်မှာပါ။

“Nova 3e မှာ ပေါ်လွင်တဲ့ဒီဇိုင်းသွင်ပြင်၊ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ full view display ပါဝင်ပြီး အလွန်သင့်တင့်တဲ့ဈေးနှုန်းနှင့်ရောင်းချပေးနေတာကြောင့် ဈေးကွက်ထဲမှာ လူစိတ်ဝင်စားမှု အများဆုံး ဖုန်းတစ်လုံးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ကျွန်မတို့ Consumer တွေရဲ့ အားပေးမှုကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့ပြီး ကျွန်မတို့ အနေနဲ့ ရောင်းအားစံချိန်ချိုးနိုင်ခဲ့ပါတယ်။” လို့ မခင်ရတနာဝင်းက ဆက်ပြောပြခဲ့ပါတယ်။

အဲဒီပွဲမှာ Huawei Myanmar ရဲ့Brand Endorser ဖြစ်သည့် Mary ၏ ဖျော်ဖြေတင်ဆက်မှု၊ စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်တွေ၊ ဝယ်ယူအားပေးသူတွေအတွက် Nova 3e၊ Y9 (2018) နှင့် Y7 Pro စမတ်ဖုန်းတွေ အပါအဝင် အခြား ဆုလက်ဆောင် ၂၀ ကျော် မဲဖောက်ပေးတဲ့ ကံစမ်းမဲအစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာ့ဈေးကွက်သို့ ဝင်ရောက်လာခဲ့သည့် Huawei သည် ယနေ့တွင် Mate ၊ P ၊ Y ၊ Nova Series တွေနဲ့ အတူ ရောင်းအားမြင့်မားနေပြီး ခိုင်မာတဲ့ စီးပွားရေးတိုးတက်မှုတွေ ရရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်းမှာ Huawei ဟာ တစ်ကမ္ဘာလုံးက ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၉၂.၅ ဘီလီယံရရှိခဲ့တာကြောင့် ၂၀၁၆ခုနှစ်ထက် ၁၅.၇% ကျော်လွန်ခဲ့ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၇.၃ သန်းပိုမိုရရှိခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး) 

Photos : TH

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top