Motourlogue ခရီးသွားနှစ်ဦး Finland နိုင်ငံရောက်ပြီ

67560064_879045745791819_4650765028205527040_n.jpg

မိုင်ပေါင်းသုံးသောင်းနီးပါးရှိကမ္ဘာပတ်ခရီးစဉ်ကို ဘီအမ်ဒဗလျူမော်တော်ဆိုင်ကယ်နဲ့ ခရီးနှင်နေကြတဲ့ မြန်မာနိုင်ငံသားဆိုင်ကယ်သမား ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့နှစ်ဦးကတော့ ခရီးနှင်ချိန် (၂) လတာအတွင်း နိုင်ငံများစွာကိုဖြတ်သန်းခဲ့ကြပြီး ဇူလိုင်လ (၂၈) ရက်မှာတော့ (၁၁) နိုင်ငံမြောက်အဖြစ် Finland နိုင်ငံထိ ရောက်ရှိလာကြပြီဖြစ်ပါတယ်။

 

ရုရှားကနေတစ်ဆင့် ဥရောပတိုက်ဆီဆက်လက်ခရီးနှင်လာခဲ့တာဖြစ်ကာ အရှေ့မြောက်ဥရောပ၊ ဘောလ်တစ် ဒေသနိုင်ငံတွေဖြစ်တဲ့ Lithuania နဲ့ Latvia နဲ့ Estonia နိုင်ငံတွေကို ဖြတ်သန်းမောင်းနှင်ခဲ့ကြပြီးတဲ့နောက် Finland နိုင်ငံကို Estonia နိုင်ငံကနေ သင်္ဘောနဲ့ကူးခဲ့တာပါ။ Finland ကိုရောက်ရှိနေတဲ့အခိုက် ပြတိုက်တွေကို သွားရောက်လေ့လာကြမယ်လို့လည်းသိရပါတယ်။

 

ဟိုင်းဝေးလမ်းတွေက ခေတ်မီကောင်းမွန်နေပေမဲ့ ဥရောပကုန်းတွင်းနိုင်ငံတွေရဲ့ရာသီဥတုအပြောင်းအလဲက မြန်ဆန်တတ်လို့ မော်တော်ဆိုင်ကယ်နဲ့သွားတဲ့ခရီးစဉ်မျိုးက ခက်ခဲကြမ်းတမ်းတတ်ကြောင်း ကိုယ်တိုင်လည်း ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်တဲ့ ဒေါက်တာသက်ကိုကိုက ပြောပြခဲ့ပါတယ်။

ခရီးဆုံးနေရာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အထိ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်သွားကြမယ့် Motourlogue ခရီးသွားနှစ်ဦးအနေနဲ့ လမ်းခရီးတစ်လျှောက်မှာ အဆင်ပြေချောမွေ့နိုင်ပါစေလို့ ရိုးရာလေးအဖွဲ့သား တွေက ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

Photos – MOTOURLOUGE
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top