Dating (ဖူးစာရှာခြင်း) လုပ်ဆောင်ချက် ပါဝင်လာတော့မယ့် Facebook

Facebook_Dating.jpg

ဖေ့စ်ဘွတ်ခ်ရဲ့ ဒီလိုကြေညာလိုက်မှုက သုံးစွဲသူတွေအကြား အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့ပါတယ်

မနေ့ကကျင်းပခဲ့တဲ့ F8 Developer Conference မှာ Zuckerberg (ဇူကာဘတ်) က Dating (ဖူးစာရှာခြင်း) လုပ်လို့ရတဲ့ လုပ်ဆောင်ချက်ကို Facebook ဗားရှင်းအသစ်မှာ ထည့်သွင်းပေးသွားမယ် လို့ ကြေငြာခဲ့ပါတယ်။

Tinder, Zoosk, MeetMe တွေကတော့ လောလောဆယ်မှာ လူသုံးများတဲ့ ဖူးစာရှာခြင်း မိုဘိုင်း အပ်ပလီကေးရှင်းတွေ ဖြစ်ပါတယ်။ ဒါတွေကို သီးသန့် မိမိဖုန်းထဲမှာ ထည့်သွင်းထားစရာ မလိုတော့ဘဲ Facebook ကိုအသုံးပြုပြီး Date (ဖူးစာရှာ) တာမျိုး လုပ်လို့ရတော့မှာပါ။

ဘယ်လိုသုံးရမလဲ?

လက်ရှိ အသုံးပြုနေတဲ့ Facebook ကိုယ်ရေးအချက်အလက်မှ မိမိနာမည် အရှေ့တစ်လုံးကိုသုံးပြီး ဖူးစာရှာခြင်းလုပ်ဖို့ သီးခြား ကိုယ်ရေးအချက်အလက် လုပ်ခွင့်ပေးမှာပါ။ Interest (စိတ်ဝင်စားမှု) တူတဲ့ Event တွေ မှတဆင့် ဖူးစာရှာခြင်း ကိုယ်ရေးအချက်အလက် ရှိသူအချင်းချင်း တွေ့ခွင့်ပေးမှာပါ။

ဘေးထွက်ဆိုးကျိုးတွေနည်းအောင်

ဖူးစာရှာခြင်းလုပ်ဖို့အတွက် စာ ရိုက်ပြီး အချင်းချင်း ဆက်သွယ်လို့ရမှာပါ။ ဓါတ်ပုံ၊ အသံ စတာတွေကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ ကိုယ်ရေးအချက်အလက်မှာ Single (လူပျို/အပျို) လို့ ဖော်ပြထားသူတွေကိုပဲ အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို သတင်းတွေကို နေတိုင်း ပုံမှန် ဖတ်ရဖို့အတွက် ရိုးရာလေးကို See First လုပ်ထားကြဖို့ မမေ့ကြနဲ့နော်…

Ref: F8 Developer Conference

WC (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top