တရုတ်နိုင်ငံက သိပ္ပံပညာရှင်အဖွဲ့ဟာ တွင်းပေါက်ကြီးထဲမှာ လျှို့ဝှက်တည်ရှိနေတဲ့ ရှေးဟောင်းသစ်တောအုပ်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကွမ်းရှီဇူအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်လွှာဧရိယာထဲက တွင်းပေါက်ကြီးထဲမှာ ပေ ၆၀၀ ကျော် ကျယ်ဝန်းတဲ့ လျှို့ဝှက်ရှေးဟောင်းသစ်တောအုပ်ကို တွေ့ရှိခဲ့တာပါ။
မေလ ၆ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တဲ့ အဲဒီတွင်းပေါက်ကြီးမှာ ဝင်ပေါက် ၃ ခုရှိပြီး ၄၉၂ ပေ ကျယ်ဝန်းပါတယ်။ ထုထည်အားဖြင့်တော့ ကုဗမီတာ ၅ သန်းကျော် ရှိပါတယ်။ အဲဒီဂူထဲမှာ တွေ့ရတဲ့ သမိုင်းဦးသစ်တောအုပ်ဟာ လက်ရာမပျက်ရှိနေပြီး တချို့သစ်ပင်တွေဟာ အမြင့် ပေ ၁၃၀ ကျော်အထိ ရှိတယ်လို့ တရုတ်ဘူမိဗေဒတိုင်းတာရေးသိပ္ပံဌာနရဲ့ အကြီးတန်းအင်ဂျင်နီယာ ကျန်းယွမ်ဟိုင်က ဆိုပါတယ်။
မက္ကဆီကိုနဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေမှာလည်း အခုလို လျှို့ဝှက်တွင်းပေါက်ကြီးတွေ တွေ့ခဲ့ရဖူးပေမဲ့ ရှေးဟောင်းသစ်တောအုပ်တွေတော့ ပါဝင်နေခြင်းမရှိပါဘူး။
Ref: Huge ancient forest world discovered 630 feet down sinkhole in China
NZ ( ရိုးရာလေး)