ကမ္ဘာ့စံချိန် ၈ ခုနဲ့ ဗြိတိန်ရဲ့အသန်မာဆုံးကျောင်းသားလေး

17.8.23-yyl-22.jpg

ကမ္ဘာ့စံချိန် ၈ ခု ချိုးထားပြီး ဗြိတိန်ရဲ့အသန်မာဆုံးကျောင်းသားလေးအဖြစ် သတ်မှတ်ခံထားရတဲ့ အသက် ၁၀ နှစ်အရွယ် ရိုဝမ် အို မယ်လ်လေးက နိုင်ငံရပ်ခြားမှာ စံချိန်တွေမချိုးခင် အသက် ၁ နှစ်အရွယ်ကတည်းက ဝိတ်မချင်နေခဲ့တာပါ။ အခုဆို သူဟာ ၁၁၅ ကီလိုဂရမ် deadlift မတာနဲ့ ၁၀၀ ကီလိုဂရမ် Squat lift မတာတွေလုပ်နိုင်နေပါပြီ။

သူက အလေးမတဲ့အားကစားကို အသက် ၁ နှစ်အရွယ်မှာ စိတ်ဝင်စားခဲ့ပြီးနောက် သူနဲ့ရွယ်တူတွေထက် အများကြီးပိုသန်မာတယ်ဆိုတာ သိခဲ့ရတာပါ။ သူ့ရဲ့စိတ်ပါဝင်စားမှုက အခြားနိုင်ငံတွေမှာ ကမ္ဘာ့စံချိန် ၈ ခုကို ချိုးနိုင်စေခဲ့ပါတယ်။ ဗြိတိန်မှာ ရိုဝမ်က ဝင်ရောက်ယှဉ်ပြိုင်လို့မရပါဘူး။ အသက်မမှီသေးတဲ့အတွက်ကြောင့်ပါ။ အားကစားပြိုင်ပွဲမှာ တရားဝင်ယှဉ်ပြိုင်လို့ရတဲ့အသက်အရွယ်က အသက် ၁၂ နှစ်မှပါ။

အမေရိကန်နိုင်ငံမှာ အလေးမပြိုင်ပွဲကို ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီမှာ ကမ္ဘာ့စံချိန်တွေရခဲ့တာပါ။ ရိုဝမ်က တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လေ့ကျင့်ပြီး တစ်နေ့ကို ကယ်လိုရီ ၃၀၀၀ စားပါတယ်။ ပုံမှန်ရက်တွေဆို မနက်စာကို ကြက်ဉတွေစားပြီး ညစာကို အမဲသား (သို့) ငါးစားဖြစ်ပါတယ်။

၅၆ ကီလိုဂရမ်အောက် အသန်မာဆုံး ၁၀ နှစ်အရွယ်အားကစားသမားဆိုတဲ့ ကမ္ဘာ့စံချိန်ကို တရားဝင်ကိုင်ဆောင်ထားရတာ မယုံကြည်နိုင်စရာကောင်းတယ်လို့ ရိုဝမ်က ပြောပါတယ်။ အလေးမတဲ့အချိန် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိဘတွေက အနိုင်ရချင်တဲ့၊ ကောင်းကောင်းလုပ်ချင်တဲ့, စိတ်ဆန္ဒရှိတဲ့ ရိုဝမ်အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။

မကြာသေးခင်က ရိုဝမ်ဟာ This Morning တီဗီအစီအစဉ်မှာ ပါဝင်တော့ နာမည်ကြီးစားဖိုမှူး ဖိလ် ဗစ်ကာရီထိုင်နေတဲ့ ဆိုဖာကို မ, ပြခဲ့ပါတယ်။

Ref: I’m the ‘UK’s strongest schoolboy’ at 10 – now I’ve broken 8 world records and the secret’s in my VERY grown up diet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top