ရိုင်းစိုင်းတဲ့အဖေကြောင့် စိတ်ဒဏ်ရာ ရခဲ့တယ်လို့ ဖွင့်ဟလာတဲ့ Macaulay Culkin

FaceThumb-1-Macaulay-Culkin.jpg

၁၉၉၀ ပြည့်နှစ်တွေတုန်းက ဟောလီးဝုဒ် ရဲ့ ထူးခြားတဲ့ပါရမီရှင် ကလေးသရုပ်ဆောင်ဖြစ်ခဲ့ပြီး သူ့ရဲ့အပြစ်ကင်းတဲ့ မျက်နှာနှင့် စွမ်းရည်တွေကို အောင်မြင်တဲ့ ဇာတ်ကားပေါင်းများစွာမှာ အသုံးချခဲ့ပါတယ်။ Home Alone(1990) ၊ My Girl (1991) နှင့် Richie Rich (1994) တို့က သူ့ရဲ့ အအောင်မြင်ဆုံးဇာတ်ကားတွေပါ။အနုပညာလောကမှာ Macaulay Culkin ရဲ့ အနာဂတ်က တောက်ပနေတာ အသေချာပါ။

သူဆယ်ကျော်သက်အရွယ်တုန်းက အနုပညာလောကကနေ သူ့ဆန္ဒအလျောက် ခေါင်းရှောင်ထွက်သွားခဲ့ပါတယ်။ အဲ့အချိန်တုန်းက သူ့ရဲ့ ပိုင်ဆိုင်မှု ၁၇ သန်းကို ထိန်းသိမ်းထားခွင့်အတွက် သူ့အဖေ နှင့် အမေက အကြီးအကျယ် တရားရင်ဆိုင်တဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။

အဆုံးသတ်မှာတော့ Macaulay က သူ့အတွက် အကောင်းဆုံးကို ပြုလုပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံကို သူကိုယ်တိုင် စီမံခန့်ခွဲခဲ့ပါတယ်။ဝေဖန်ရေးသားချက်တွေ၊ ထင်မြင်စွပ်စွဲချက်တွေကို နှစ်ပေါင်းများစွာ အလူးအလဲခံခဲ့ရတဲ့ အပြင် ကံမကောင်းစွာပဲ ၂၀၀၄ ခုနှစ်တုန်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒီလူငယ်လေးက သူ့ရဲ့နေရာမှန်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အတိတ်ရဲ့ခါးသီးတဲ့ အတွေ့အကြုံများစွာကို ကျော်ဖြတ်ပြီး နောက် သူ့မိသားစုနဲ့ သူ့ရဲ့ ဆက်ဆံရေး အကြောင်းကို ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။အထူးသဖြင့် သူ့အဖေ Kit Culkin အကြောင်းပါ။ “သူက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဆိုးသွမ်း ရိုင်းစိုင်းတဲ့ လူတစ်ယောက်ပါ။ ပရိသတ်တွေ မျက်မြင်ယုံအောင် ကျွန်တော့် ခန္ဓာကိုယ်က အမာရွတ်တွေကို ပြပေးလို့ရပါတယ်”လို့ အင်တာဗျူးတစ်ခုမှာ သူဖြေကြားခဲ့ပါတယ်။

အပျော်တမ်းသရုပ်ဆောင်ဖြစ်ခဲ့တဲ့ သူ့ရဲ့အဖေက သူ့ရဲ့အောင်မြင်မှုတွေကို မနာလိုဖြစ်နေပြီး သူ့အသက်အရွယ်တုန်းက မရနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ဆယ်နှစ်အရွယ် နဲ့ သူ့သားက ရရှိခဲ့တာကို လက်မခံနိုင်ဖြစ်နေတာလို့ Macaulay က ပြောပြခဲ့ပါတယ်။

“မှန်အောင်လုပ်၊ မလုပ်လို့ကတော့ ငါဆော်မှာ လို့ သူအမြဲပြောတယ်ဗျ။ သူ့ဘဝမှာ လုပ်နိုင်ဖို့ ကြိုးစားခဲ့သမျှအရာတွေကို ကျွန်တော် အသက် ၁၀ နှစ် မပြည့်မီတည်းက လုပ်နိုင်ခဲ့တယ်။ ကျွန်တော်က သူ့ထက် ကတာပိုတော်ပြီး သရုပ်ဆောင်လည်း ပိုတော်တဲ့ လူတစ်ယောက်ပါ” လို့ Macaulay က ရှင်းပြခဲ့ပါတယ်။

Macaulay က အဖေဖြစ်သူနဲ့ နှစ်ပေါင်းများစွာ စကားမပြောခဲ့ပါဘူး။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် သူဘာကြောင့် ဆယ်ကျော်သက်အရွယ်နဲ့ ဟောလီးဝုဒ်ကနေ ထွက်သွားချင်စိတ်ဖြစ်ခဲ့လဲဆိုတာ တော်တော်လေးနားလည်လိုက်ပါတယ်။

Ref: Fabiosa: After Decades Of Silence, Macaulay Culkin Says He Suffered From An Abusive Father: “He Was A Bad Man”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top