ဗြိတိန်နိုင်ငံရဲ့ကမ်းခြေတွေမှာ PPE စွန့်ပစ်ပစ္စည်းရာချီ တွေ့နေရ

12-10-2020-yyl-001.jpg

ဗြိတိန်နိုင်ငံက ပလတ်စတစ်သုံးစွဲမှုကို တားမြစ်နေပေမဲ့လည်း ကိုဗစ်ကပ်ရောဂါကြောင့် Mask၊ လက်အိတ်တွေလို PPE ပစ္စည်းတွေဟာ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်နေပြီး ကမ်းခြေတွေမှာ သောင်တင်နေတဲ့အတွက် ပလတ်စတစ်ညစ်ညမ်းမှုတွေ ဖြစ်စေပါတယ်။ ဗြိတိန်နိုင်ငံရဲ့ကမ်းခြေတွေကို ရှင်းလင်းအောင် ထားဖို့ကြိုးစားနေတဲ့ ပရဟိတစေတနာ့ဝန်ထမ်းတွေက တိရစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင်အတွက် ပြဿနာဖြစ်စေတဲ့ PPE စွန့်ပစ်ပစ္စည်းတွေ ကမ်းရိုးတန်းမှာစုပုံနေတာကို တွေ့ရှိနေရပါတယ်။

ကပ်ရောဂါကြောင့် လူတွေက တစ်ခါသုံး Mask တွေ၊ လက်အိတ်တွေကို ဝတ်ဆင်နေရတဲ့အတွက် အဲဒီလို PPE အမျိုးအစားပစ္စည်းတွေက ကမ်းခြေတွေမှာသောင်တင်နေကြရပြီး သတိလက်လွတ်နေကြတဲ့ ကမ်းခြေအလည်အပတ်လာသူတွေကြောင့်လည်း ကမ်းခြေညစ်ညမ်းနေရပါတယ်။ Beach Guardian ပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်းတွေ၊ သူ့ဖခင် ရို့ဘ်တို့နဲ့အတူ Cornwallရဲ့ကမ်းခြေတွေကို သန့်စင်ဖို့ အချိန်တော်တော်ကုန်ဆုံးခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် အယ်မလီ စတီဗန်ဆန် (Emily Stevenson) ဟာ ပင်လယ်ဆိုင်ရာ ဇီဝပညာရှင်တစ်ယောက်ပါ။

ပြီးခဲ့တဲ့ (၂) လမှာ အယ်မလီနဲ့သူ့အဖွဲ့တွေက ပလတ်စတစ်လက်အိတ် (၆၅၀) နဲ့ Mask (၂၅၀) တို့ကို ကမ်းခြေတစ်လျှောက်မှာ စုဆောင်းရမိခဲ့ကြပါတယ်။ လူတွေက သူတို့ရဲ့ကိုယ်ပိုင်စွန့်ပစ်ပစ္စည်းအတွက် တာဝန်မယူကြသရွေ့တော့ ကပ်ရောဂါအတွက် PPE စွန့်ပစ်ပစ္စည်းတွေက ပိုဆိုးရွားလာနေမှာပါ။ အယ်မလီက “PPE စွန့်ပစ်ပစ္စည်းတွေက နေရာတိုင်းပါပဲ။ ကျွန်မတို့ နေ့တိုင်းသန့်ရှင်းရေးလုပ်နေရင်းနဲ့ ပုံမှန်လိုလို Mask (၅) ခုကနေ (၁၀) ခုအထိ တွေ့နေရပါတယ်။

သမုဒ္ဒရာမှာ ကျန်ခဲ့တဲ့ PPE ပစ္စည်းတွေက ဆွေးမြေ့ပျက်စီးသွားဖို့အတွက် ခန့်မှန်းခြေ နှစ်ပေါင်း (၄၅၀) လောက် အချိန်ယူရပါမယ်။ ကျွန်မတို့ကမ်းခြေတွေမှာ ပိုပြီးတွေ့နေရပါတယ်။ ဒါက တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ အခု အဲဒါတွေကို မသိမ်းဖြစ်ရင် နောက်လည်း သေချာပေါက်သိမ်းဖြစ်မှာမဟုတ်ပါဘူး။ Mask ကို မြေကြီးပေါ်ပစ်ချခဲ့တဲ့အခါ အဲဒါက အလွယ်တကူပဲ ပင်လယ်တွေဆီ ရောက်နိုင်မယ့်လမ်းကို ရှာတွေ့နိုင်ပါတယ်။ မိုးရေနဲ့အတူ အဲဒါတွေက မြစ်ထဲကို ရောက်သွားကာ ကမ်းခြေတွေမှာ သောင်တင်သွားကြရပါတယ်”လို့ ဆိုပါတယ်။

တစ်ခါသုံး Maskတွေက မီးလောင်ကျွမ်းလိုက်ရင်တောင် အဆိပ်အတောက်မီးခိုးတွေထွက်ပြီး လေထဲမှာပျံ့နှံ့သွားစေတဲ့ ပြန်လည်အသုံးပြုလို့မရတဲ့ ပလတ်စတစ်ဓာတုပစ္စည်းတွေအသုံးပြုထားတာပါ။ ဒါပေမဲ့ ကပ်ရောဂါမပြီးသရွေ့တော့ အဲဒီMask တွေကို ဝတ်ဆင်နေရဦးမှာဖြစ်တဲ့အတွက် စနစ်တကျစွန့်ပစ်ကျမယ်ဆိုရင် ပတ်ဝန်းကျင်ကို ကူညီရာရောက်မှာဖြစ်ပါတယ်။

Ref: Ladbible “Hundreds Of Pieces Of PPE Are Being Found On Britain’s Beaches”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top