ပွဲစားခတစ်သန်းကျော်မပေးလို့ တရားစွဲဆိုခံရတဲ့ တေလာဆွစ် (Taylor Swift)

1200-taylor-swift-153-Franklin-St-650x405.jpg

တေလာဆွစ် နှင့် Manhattanက အိမ်ခြံမြေပွဲစားကြားမှာ တင်းမာမှုလေးတွေဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့သူမက Tribeca အိမ်ရာကဝယ်ယူထားတဲ့ အခန်းတွဲအိမ်အတွက် ဒေါ်လာ ၁ သန်းကျော် ပွဲခပေးဖို့ ငြင်းဆိုခဲ့တာကြောင့်လို့ ထွက်ဆိုထားပါတယ်။

Mahhattan ပြည်နယ် တရားမထုံးစီရင်မှုသတင်းအရ အမေရိကန်အိမ်ခြံမြေကုမ္ပဏီ ဖြစ်တဲ့ Douglas Elliman မှ ဝန်ထမ်းတစ်ဦးက ၁၅၃ ၊ Franklin လမ်းမှာရှိတဲ့အခန်းတွဲအိမ်ကို သူ(မ)ကိုပြသပေးခဲ့ပါတယ်။ အခုပြတဲ့အိမ်နဲ့ကပ်ရက် ၁၅၅ Franklin လမ်းက တိုက်ခန်းတွဲ ၂ တွဲကို ၂၀၁၄ခုနှစ်တုန်းက သူ(မ)ဝယ်ယူခဲ့ပါသေးတယ်”လို့အဆိုတင်သွင်းခဲ့ပါတယ်။

အခုအသစ်ဝယ်လိုက်တဲ့အိမ်က သူ(မ)အတွက် ပါပါရာဇီတွေရန်ကရှောင်ရှားလို့ရမယ့် အကောင်းဆုံးအိမ်ပါ။ အရင်တိုက်ခန်းမှာ ဒီလိုမျိုးကားဂိုဒေါင်မရှိတဲ့အတွက် လမ်းမမှာပဲကားရပ်ထားရပါတယ်။
ပွဲစားက  ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံရေးသမားဖြစ်သူ Dominique Strauss-Kahn လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့တရားစွဲဆိုခံရစဉ်အချိန်က နေထိုင်ခဲ့တဲ့ ၂၇ ပေအကျယ်ရှိ အခန်းတွဲအိမ်ကိုလည်း တေလာဆွစ်ကိုပြသခဲ့ပါတယ်။အသေးစိပ်ဆွဲထားတဲ့ တိုက်ခန်းပုံစံကိုလည်း ပြသခဲ့ပါတယ်။

ဒါပေမဲ့ တေလာဆွစ်ရဲ့ ကိစ္စအဝဝကို စီမံခန့်ခွဲပေးနေတဲ့ကုမ္ပဏီက အောက်တိုဘာလကုန်မှာ Douglas Elliman ကုမ္ပဏီကို မျှတမှုမရှိစွာနဲ့ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ ပါဝင်ပတ်သက်ခွင့်မပေးခဲ့ပါဘူး။ Douglas Elliman ကုမ္ပဏီကလည်း ရောင်းခရဲ့ ၆ ရာခိုင်နှုန်းနှင့် ညီမျှတဲ့ပွဲခကိုရဖို့ တရားစွဲဆိုခဲ့ပါတယ်။ ဒီအကြောင်းရင်းနဲ့ပတ်သက်ပြီး မေးမြန်းလာမှုတွေအပေါ်  တေလာဆွစ်ရဲ့ ကိုယ်စားလှယ်တွေက ချက်ချင်းဖြေကြားခြင်း မပြုခဲ့ကြပါဘူး။

Ref: Taylor Swift sued by real estate company over $1M commission
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top