ဆားပွင့်ထက်သေးငယ်တဲ့ လက်ကိုင်အိတ် ဒေါ်လာ ၆၀၀၀၀ ကျော်နဲ့ လေလံအောင်မြင်

30.6.2023-yyl-1.jpg

ဆားတစ်ပွင့်ထက် သေးငယ်ပြီး အဏုမြူမှန်ပြောင်းနဲ့ကြည့်မှ မြင်ရတဲ့ လက်ကိုင်အိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆၃၇၅၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ အပ်ပေါက်ထဲ ထည့်လို့ရတဲ့အထိ သေးငယ်တဲ့ လက်အိတ်အိတ်ကို အမေရိကန်နိုင်ငံ ဘရွတ်ကလင်းမြို့အခြေစိုက် MSCHF အနုပညာကုမ္ပဏီက ဖန်တီးခဲ့တာပါ။

အဲဒီလက်ကိုင်အိတ်ကို ဖိုတိုပိုလီမာအစေး အသုံးပြုပြီး 3D printing နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။ လက်ကိုင်အိတ်က အလွန်သေးငယ်လွန်းလို့ နာမည်ကြီးဆိုင်တွေထံ နမူနာပို့ချိန်မှာ လက်ကိုင်အိတ်တချို့ ပျောက်ဆုံးခဲ့ပါသေးတယ်။ MSCHF အနုပညာကုမ္ပဏီက လက်ကိုင်အိတ် ဝယ်ယူသူတွေကို အဏုမြူမှန်ပြောင်းနဲ့ လက်ကိုင်အိတ် ဓာတ်ပုံပါ ပေးအပ်မှာဖြစ်ပါတယ်။

MSCHF ဟာ အငြင်းပွားဖွယ်ရာ ပစ္စည်းဒီဇိုင်းတွေ ထုတ်လုပ်လေ့ရှိပြီး အလွန်သေးငယ်တဲ့ လက်ကိုင်အိတ် မတိုင်မီကလည်း လူ့သွေး ထည့်ထားတဲ့ ဖိနပ်၊ အောက်ခံပြားမှာ (တန်ခိုးကြီးတယ်ဆိုတဲ့) ရေစင်ထည့်ထားတဲ့ ဖိနပ်၊ ဧရာမ အနီရောင်ရော်ဘာဖိနပ်ကြီး၊ ချောဆီအနံ့ ရေမွှေးတွေ ထုတ်လုပ်ခဲ့ဖူးပါတယ်။

Ref: MSCHF microscopic bag ‘smaller than grain of salt’ sells for $63,750

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top