ခြောက်သွေ့ ပျက်ဆီးသော ဆံသားများအတွက် အိမ်တွင်း ဆေးမြီးတို နည်းလေးများ

silky-hair.jpg

အောက်ဖော်ပြပါ ငွေကုန်ကြေးကျ သက်သာသည့် နည်းလမ်းလေးများသည် ကြွပ်ဆတ် ခြောက်သွေ့သော ဆံသားများကို ပြုပြင်ပြောင်းလဲပေးပြီး ထူးကဲကောင်းမွန်ကာ ကျန်းမာစိုပြေတဲ့ ဆံသားများကို ပိုင်ဆိုင်စေမည် ဖြစ်ပါသည်။

ထောပတ်သီးဖြင့် ပျက်ဆီးနေသော ဆံသားများကို ပြန်လည်ပြုပြင်ပါ

ရင့်မှည့်သော ထောပတ်သီး တစ်လုံးကို ကြက်ဥတစ်လုံးဖြင့် ရောမွှေ ကြိတ်နယ်ပြီး စိုစွတ်သော ဆံသားများအပေါ်တွင် သုတ်လိမ်းပေးပါ။ ထောပတ်သီးသည် ဗီတာမင်နှင့် မရှိမဖြစ် လိုအပ်သော Fatty acids များ ကြွယ်ဝစွာပါဝင်ကာ ဆံသားလေးများကို စိုပြေ တောက်ပြောင်စေသော သတ္တုဓာတ်များလည်း ပါဝင်ပါသည်။ ဆံသားများတွင် မိနစ် ၂ဝခန့်ကြာအောင် သုတ်လိမ်းထားပြီး ရေပြောင်စင်အောင် ဆေးချပါ။ ပျက်ဆီးနေသော ဆံသားများအတွက် တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးနိုင်ပြီး ပျက်ဆီးမှု မရှိသော ဆံသားများ၏ ကျန်းမာရေးအတွက် တစ်လတစ်ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။

ထောပတ်အသုံးပြုပါ

ခြောက်သွေ့ ကြွပ်ဆတ်သော ဆံသားများအတွက် တောက်ပ စိုပြေစေဖို့ ထောပတ် အနည်းငယ်ကို အသုံးပြု ပေးနိုင်ပါတယ်။ ခြောက်သွေ့သော ဆံသားများအတွင်း သုတ်လိမ်း နှိပ်နယ်ပေးပြီး နာရီဝက်ခန့်ကြာအောင် ရေချိုးခန်းသုံး ခေါင်းစွပ်ဖြင့် အုပ်ထားပေးပါ။ ပြီးလျှင် ခေါင်းလျှော်ပစ်ပြီး ထောပတ်များ ပြောင်စင်သွားအောင် ဆေးကြောပေးပါ။

သံလွင်ဆီဖြင့် ဖန်တီးပြုပြင်ပါ

ခြောက်သွေ့သော ဆံသားများကို ရေဓာတ် ပြန်လည်ရရှိစေရန် သံလွင်ဆီ ခပ်နွေးနွေး ခွက်တစ်ဝက်ခန့် ဆံသားများအတွင်း သုတ်လိမ်းပေးပါ။ ပလပ်စတစ်အိတ် တစ်လုံးဖြင့် စွပ်ထားပြီး မျက်နှာသုတ်ပဝါဖြင့် ထုပ်ထားပေးပါ။ ၄၅ မိနစ်ကြာအောင် ထားထားပေးပြီး ခေါင်းလျှော်ပေးကာ ပြောင်စင်အောင် လောင်းချပေးခြင်းဖြင့် ဆံသားများ၏ ရေဓာတ်ကို ပြန်လည်ရရှိစေမည် ဖြစ်ပါသည်။

လက်ဖက်ရည်ဖြင့် ဆေးကြောပါ

လက်ဖက်ရည်သည် လည်ချောင်းနာခြင်းကို သက်သာစေနိုင်ရုံသာ မကဘဲ ဆံသားများအတွက် သဘာဝအတိုင်း တောက်ပြောင် စိုပြေမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အချိုမပါဝင်သည့် လတ်ဆတ်စွာ ကျိုချက်ထားသော လက်ဖက်ရည် သို့မဟုတ် instant tea နွေးနွေးလေးကို ပုံမှန်အတိုင်း ခေါင်းလျှော်ပြီးလျှင် ရေနှင့်ပြောင်စင်အောင် ဆေးကြောပေးလိုက်ပါ။ လက်ဖက်ရည်သည် ဆံသားအရောင်ကို အားကောင်းစေပြီး Black tea သည် ဆံသားများကို ပိုမိုနက်မှောင်စေပါသည်။

ကြက်ဥ ခေါင်းလျှော်ရည် အသုံးပြုပါ

ခေါင်းလျှော်ရည် အနည်းငယ်နှင့် ကြက်ဥကို ရောမွှေကာ ပျက်ဆီးနေသော ဆံသားများတွင် ငါးမိနစ်ခန့် သုတ်လိမ်းပေးပြီး ရေစင်အောင် ဆေးချပါ။ ဒီလို treatment ပြုလုပ်ပေးခြင်းဟာ ဆံသားကို ပရိုတင်းဓာတ် တိုးမြင့်ပေးပါတယ်။

Botanical oils များဖြင့် ထိန်းသိမ်းပါ

ကျန်းမာရေးဆိုင်ရာ အစားအသောက် စတိုးဆိုင်များမှာ ဝယ်ယူရရှိနိုင်တဲ့ သံလွင်ဆီ၊ Jojoba oil နှင့် မက်မွန်သီး အဆီတို့ဟာ ပျက်ဆီးနေတဲ့ ဆံသားများအတွက် အကောင်းဆုံး သက်စောင့်ဆေးများ ဖြစ်ကြပါတယ်။ ဆံသားများက ရေစိုပေးပြီး botanical oil အနည်းငယ်ဖြင့် ဆံသားများတွင် နှံ့စပ်အောင် သုတ်လိမ်းပေးပါ။ ပြီးလျှင် ရေချိုးခန်းသုံး အစွပ်ဖြင့် စွပ်ထားပြီး မိနစ် ၃၀ကြာအောင် တဘက်ဖြင့် ပတ်ထားပါ။ ထို့နောက် ရေစင်အောင် ဆေးချကာ ခေါင်းလျှော်ပေးလိုက်ပါ။

စန္ဒကူး နံ့သာဆီဖြင့် ထိန်းသိမ်းပါ

သံလွင်ဆီသို့မဟုတ် Jojoba oil အနည်းငယ်ဖြင့် စန္ဒကူး နံ့သာဆီ အနည်းငယ်တို့ ပေါင်းစပ်ကာ လက်ဖဝါးဖြင့် ယူ၍ ဆံဖျားများကို သုတ်လိမ်းပေးခြင်းဖြင့် ကြွပ်ဆတ်သော ဆံသားများကို ပြုပြင်ပေးကာ ချောမွေ့ တောက်ပြောင်ခြင်းကို ချက်ချင်းခံစားရရှိစေပါသည်။

စိုစွတ်သော ဆံသားများကို ပေါင်းထုပ်၍ အခြောက်ခံပါ

ခေါင်းလျှော်ပြီးသည့်အခါ ဆံသားများကို သုတ်မပစ်ဘဲ ပျက်ဆီးနေသော ဆံသားများကို ချည်သား တဘက် တစ်ထည် ပေါင်းထုပ်ထားကာ ချည်သားအား ရေဓာတ်ကို မိနစ် အနည်းငယ်ကြာအောင် စုပ်ယူစေပါ။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် ဆံသား အဖျားများကွဲ၍ နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

ညအချိန်၌ စိုထိုင်းမှု ထိန်းစက်ကို အသုံးပြုပါ

အိမ်တွင်းရှိ အပူများဟာ လေပူများ ရှိတတ်ကြပါတယ်။ အထူးသဖြင့် ဆောင်းရာသီမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒါတွေဟာ ဆံသားတွေကို ခြောက်သွေ့စေပါတယ်။ လေထုအတွင်း ရေဓာတ် ပြန်လည်ရရှိစေခြင်းဖြင့် ဆံသားများကို ခြောက်သွေ့ခြင်းနဲ့ ပျက်ဆီးခြင်းမှာ ကာကွယ် တားဆီးပေးပါတယ်။

ဆံသားများကို ဖြန့်ချထားပါ

ဆံသားလေးများကို နာရီအနည်းငယ်လောက် ဖြန့်ချထားပေးပါ။ ဆံပင်ကို အရမ်း တင်းတင်းကျပ်ကျပ်ကြီး စည်းနှောင်ထားခြင်းမျိုးကို ရှောင်ရှားပါ။ အိပ်စက်တဲ့အခါ စည်းနှောင်ပြီးတော့ မအိပ်စက်ပါနဲ့။

omega-3s စားသုံးပါ

Borage oil, primrose oil နှင့် flaxseed oil ပါဝင်တဲ့ ဆေးတောင့်လေးတွေကို တစ်နေ့ တစ်လုံးမှ သုံးလုံးအထိ သောက်သုံးပေးပါ။ gamma-linolenic acid ကဲ့သို့သော Omega-3 fatty acids များ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆံသားများကို ရေဓာတ် ဖြည့်တင်းကာ စိုပြေ လှပစေပါတယ်။

Ref : RD : Home Remedies for Dry and Damaged Hair

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top