လူတွေရှိန်တဲ့ ပင်ကိုယ်ရည်သွေးရှိ ကြောင်းပြသတဲ့ လက္ခဏာ ၆ ရပ်

01052018-04.jpg

စာအုပ်တစ်အုပ်ဝယ်ရင် စာအုပ်ဖုံးကိုကြည့်ပြီး ဆုံးဖြတ်လို့မရသလို လူတစ်ယောက်ကိုလည်းအပေါ်ယံအမြင်နဲ့ ဆုံးဖြတ်ဖို့ရာမလွယ်ကူပါဘူး။ ပင်ကိုယ်ရည်သွေးမြင့်တဲ့လူတွေနဲ့ တရင်းတနှီးပေါင်းသင်းဆက်ဆံဖို့ခက်ခဲပါတယ်။ခင်ဖို့မကောင်းလို့မဟုတ်ပေမယ့် သူတို့နဲ့ ပထမဆုံးတွေ့ချိန်မှာတော့ သင်ကရှိန်သလိုခံစားရနေမှာပါ။

တခါတလေသူတို့မျက်နှာမြင်တဲ့အခါကိုယ့်အပေါ်ပဲ အထက်စီးဆန်နေသလို ၊ ရန်လိုနေသလိုခံစားရပေမယ့် တကယ်တမ်းကျတော့ ကိုယ်ထင်ထားသလိုမဟုတ်တာတွေ့ရပြန်တယ်။ ဒီလိုမျိုး မျက်နှာမြင်ရင် အော်တိုအချေရုပ်ပေါက်နေတဲ့ သူတို့ကိုယ်တိုင်ကလည်း တခြားလူတွေသူတို့နဲ့တွေ့ရင်စိတ်မသက်မသာဖြစ်တာဘာကြောင့်လဲနားမလည်နိုင်ကြဘူး။

ဒီလိုမျိုးမျက်နှာမြင်ခင်စရာမကောင်းသူတွေရဲ့ လက္ခဏာ (၆) ရပ်ကိုကြည့်လိုက်ရအောင်။

၁။ သူတို့ကစိတ်ထဲရှိတဲ့အတိုင်းပြောတတ်တယ်

လူတွေက အမှန်တရား အမှန်တရားလို့သာအော်နေတာ တကယ်တမ်းကိုယ်က အမှန်တွေချည်းပြောပြတော့လည်းကြိုက်မှာ မဟုတ်ပါဘူး ။ အဲ့လိုလူတွေကိုစိတ်ထဲရှိတဲ့အတိုင်းပွင့်ပွင်းလင်းလင်းသွားပြောတတ်မှတော့ သူတို့ကိုလူ ရှိန်ပြီပေါ့။

၂။ သူတို့ကအရွယ်နဲ့မလိုက်အောင်ရင့်ကျက်တယ်

သူတို့ကဘွင်းဘွင်းပျော်ပျော်နေတတ်သူတွေဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်တတ်သူတွေပါ။တခြားပင်ကိုယ်ရည်သွေးရှိသူတွေနဲ့ မတူညီဘဲ သူတို့အကြောင်းသူတို့နားလည်သူမို့ လည်းလူရှိန်ခံရတာပါ။

၃။ တခြားလူတွေက ပြသနာကိုမြင်ချိန်မှာသူတို့ကအဖြေကိုမြင်နေပြီ

ကမ္ဘာကြီးပဲအဆုံးသတ်တော့မလိုနဲ့ပြသနာတစ်ခုအပေါ်တခြားလူတွေဗျာများနေချိန်မှာ သူတို့ကတော့အေးဆေးကျော်လွှားနိုင်တယ်။ဖြစ်လာနိုင်တဲ့ပြသနာတွေကိုကြိုမြင်တတ်ပြီး ခဏလေးအတွင်းဖြေရှင်းနိုင်တာသူတို့ရဲ့ထူးခြားတဲ့အရည်အသွေးပါ။

၄။ ဥပေက္ခာပြုတတ်တဲ့နေရာမှာသူတို့ကဆရာကြီးတွေပါ

သူတို့ကတွေးတဲ့အတိုင်းပြောတတ်သလို ပြောတဲ့အတိုင်းလည်းတကယ်လုပ်တယ်။သူတို့နဲ့ပတ်သက်သူတွေကို သူတို့အတိုင်းဖြစ်စေချင်တာ။ဒါကိုလိုက်မလုပ်တဲ့သူတွေကိုတော့သူတို့ကဆွဲခေါ်မှာမဟုတ်တဲ့အပြင် ဥပေက္ခာပြုပလိုက်မှာ။

၅။ သူတို့က အတွေ့အကြုံအသစ်ကိုမြတ်နိုးတယ်

ဒီလိုလူမျိုးတွေကအသစ်အဆန်းတွေကို အမြဲစမ်းသပ်ကြည့်ချင်တာ။ယုံကြည်မှုကလည်း တွန်းအားပေးနေတော့ လဲကျလည်းပြန်ထပြီး အသစ်အဆန်းတွေကြိုးစားကြသူတွေပါ။သူတို့ က တစ်ကိုယ်တည်းသမားတွေဖြစ်တတ်ကြသလို ကမ္ဘာ အနှံ့ကိုတစ်ယောက်ထဲခရီးသွားပြီးစွန့်စားချင်သူတွေပါ။သူတို့ရဲ့ တစ်ကိုယ်တည်းနေချင်တဲ့စိတ်ဓာတ်ကြောင့် တော်ရုံလူတွေကရှိန်တာပေါ့။

၆။ သူတို့ကအချိန်သိပ်မဖြုန်းဘူး

သူတို့ ရဲ့ခွန်အားတွေက သူတို့ဘဝတိုးတက်ရာပဲ ဦးတည်နေကြတဲ့အတွက်သူတို့နဲ့စကားလက်ဆုံပြောဖို့တောင်အချိန်မပေးကြပါဘူး။သူတို့ဘဝအတွက်အရေးကြီးတာဘာလဲစာရင်းလုပ်ပြီး ဒီစာရင်းကသွေဖီလာတဲ့ တခြားအရာအတွက်အချိန်မဖြုန်းသူတွေပါ။ဒါကြောင့်မို့သူတို့နဲ့မျက်နှာချင်းဆိုင်တွေ့လို့များကိုယ့်ကိုကောင်းကောင်းမဆက်ဆံလို့စိတ်ထဲခံစားမနေပါနဲ့။သူတို့လိုလူတွေက အဲ့လိုပဲနေတတ်လို့ပါ။

Ref: http://hackspirit.com/6-signs-alpha-personality-intimating-others

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top