မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ရွန်နီ ပြော

24-11-2020-yyl-015.jpg

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့ တွဲဖက်ကစားချင်လို့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ဖူးတယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီက ပြောပါတယ်။ ရွန်နီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အသင်းပြောင်းခွင့်ရဖို့ တောင်းဆိုခဲ့ဖူးပြီး အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ပြိုင်ဘက်တွေနဲ့ ဥရောပထိပ်တန်းအသင်းတွေက သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြပါတယ်။

” အဲဒီအချိန်တုန်းက မန်ယူကနေ ထွက်ခွာပြီး စပိန်ကို ပြောင်းကစားဖို့ အသင့်ဖြစ်ပြီဆိုတာကို ၂ ရက်လောက် တွေးနေခဲ့တာပါ။ တကယ်တော့ ကျွန်တော်က ဘာစီလိုနာကို ပြောင်းချင်တာပါ။ ဒါပေမဲ့ ဘာစီလိုနာထက် ရီးရဲလ်ကို ပြောင်းဖို့ ပိုပြီးဖြစ်နိုင်ခြေရှိသလိုပါပဲ။ ချဲလ်ဆီးကလည်း ကျွန်တော့်ကို ခေါ်ချင်နေတယ်။

မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ဘတ်စ်ကွက်တို့ရဲ့ ဘာစီလိုနာအသင်းမှာ ဘယ်လိုကစားမလဲလို့ ထိုင်တွေးနေတဲ့ နေ့ကို မှတ်မိသေးတယ်။ အဲဒီအချိန်တုန်းက မက်ဆီကလည်း အခုအချိန်လို တိုက်စစ်မှူးနေရာ ကစားနေတာ မဟုတ်သေးပါဘူး။ တောင်ပံမှာ ကစားနေတာပါ။ ဘာစီလိုနာမှာ ကျွန်တော် အံဝင်ခွင်ကျဖြစ်မယ်လို့ တွေးထားတာပါ။ ကျွန်တော် ဘောလုံးရသွားပြီး နောက်မှာ ကစားသမားတွေ ပြေးလိုက်လာတာကို စိတ်ထဲကနေ မြင်ယောင်ကြည့်ခဲ့ပါသေးတယ်”လို့ ရွန်နီက ပြောပါတယ်။

ဒါပေမဲ့ ရွန်နီဟာ မန်ယူမှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ နည်းပြမော်ရင်ဟိုနဲ့အတူ လက်တွဲခဲ့ပြီးနောက် ငယ်ဘဝကလပ် အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုအချိန်မှာတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းမှာ ကစားသမား/ ယာယီနည်းပြအဖြစ် လုပ်နေပါတယ်။

Ref: Dailymail ” ‘I could have slotted in perfectly with Messi, Xavi and Iniesta’:

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top