စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေကနေ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ပလတ်စတစ် ထုတ်လုပ်

27-6-2022-yyl22.jpg

စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေကနေ တိုက်ရိုက်ထုတ်လုပ်နိုင်တဲ့ ပလတ်စတစ်အမျိုးအစားသစ်တစ်မျိုးကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီပလတ်စတစ်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ ထုတ်လုပ်နိုင်စွမ်းရှိလို့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာအတွက် အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေခံသိပ္ပံကျောင်းက ပါမောက္ခ ဂျရမီဦးဆောင်တဲ့ သိပ္ပံပညာရှင်တွေဟာ သစ်သား (သို့) အပင်တွေရဲ့ စားမရတဲ့ အစိတ်အပိုင်းတွေကို ဈေးမကြီးတဲ့ ဓာတုပစ္စည်းတွေသုံးပြီး ချက်တဲ့အခါ ပလတ်စတစ်ဖြစ်ဖို့ တစ်ဆင့်လို အနေအထားကို ရပါတယ်။ အဲဒီအထဲမှာ သကြားဖွဲ့စည်းပုံက အကောင်းပကတိအတိုင်း ရှိနေတာပါ။ အဲဒီသကြားကို ယူကာ သဘာဝအတိုင်း ရရှိတဲ့ glyoxylic acid အသုံးပြုပြီး ပလတ်စတစ်ပုံဆောင်ခဲတွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ပလတ်စတစ်ဟာ ကုန်ကျစရိတ်သက်သာတာ၊ အပူဒဏ် ခံနိုင်တာ၊ ခိုင်ခံ့တာ၊ ထုတ်လုပ်ရ လွယ်ကူတာ စတဲ့အချက်တွေကြောင့် အကျယ်တဝင့် အသုံးပြုနေကြတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အစဉ်အလာ အသုံးပြုနေတဲ့ ပလတ်စတစ်လို လွယ်ကူ၊ သက်သာ၊ ခိုင်ခံ့တဲ့ အစားထိုး ပလတ်စတစ်မျိုး မတွေ့ရသေးပါဘူး။

အခုတွေ့ရှိရတဲ့ ပလတ်စတစ်အမျိုးအစားသစ်ကတော့ ကုန်ပစ္စည်းထုတ်ပိုးဖို့ကအစ ဆေးဝါးနဲ့ အီလက်ထရောနစ်ပစ္စည်းတွေအတွက်ပါ အသုံးပြုနိုင်စွမ်း ရှိပါတယ်။ လက်ရှိအချိန်မှာတော့ သုတေသီတွေက ကုန်ပစ္စည်းထုတ်ပိုးတဲ့ ဖလင်ပြားတွေ လုပ်ဖို့၊ အဝတ်အစားနဲ့ အခြားအထည်အလိပ်တွေ လုပ်ဖို့၊ 3D ပရင့်တာနဲ့ထုတ်တဲ့ အမျှင်တွေအတွက် ဒီနည်းပညာကို အသုံးပြုနေကြပါပြီ။

ရိုးရှင်းလွယ်ကူတဲ့ ဒီနည်းပညာဟာ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း အလေးချိန် ၄ ပုံ၊ ၁ ပုံ (သို့) သန့်စင်တဲ့ သကြားဖွဲ့စည်းပုံ ၉၅ ရာခိုင်နှုန်းကို ပလတ်စတစ်အဖြစ် အသွင်ပြောင်းပေးနိုင်ပါတယ်။

Ref: New PET-like plastic made directly from waste biomass

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top