တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံးအဖြစ် ပန်းပွင့်ကနေ ဓာတုဗေဒစိန် ဖန်တီး

14.4.24-yyl-20.jpg

တရုတ်သိပ္ပံပညာရှင်တွေက ကမ္ဘာ့ပထမဆုံးအနေနဲ့ ပန်းပွင့်ကနေ ဓာတုဗေဒစိန် ဖန်တီးနိုင်ခဲ့ပါတယ်။ အနီရောင် ပီယာနီ (peonies)ပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး ဖန်တီးထားတဲ့စိန်ကို ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ လျှို့ယန်မြို့မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

ပီယာနီပန်းပွင့်ကနေ ဖန်တီးထားတဲ့စိန်က ၃ ကာရက်ရှိပြီး ဓာတုဗေဒစိန်တွေ ဖန်တီးတဲ့ Luoyang Time Promise ကုမ္ပဏီက ထုတ်လုပ်ခဲ့တာပါ။ နှစ်သက်တမ်း ၅၀ ရှိတဲ့ ပီယာနီပန်းပင်အပါအဝင် ဓာတုဗေဒစိန် ဖန်တီးဖို့ လိုအပ်တဲ့ ပီယာနီပန်းပွင့်တွေကို လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်က ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ပန်းပွင့်ကနေ ကာဗွန်ထုတ်ယူပြီး အပူချိန်ပြင်းပြင်း၊ ဖိအားပြင်းပြင်းနဲ့ စိန်ရဲ့ ကာဗွန်တည်ဆောက်မှုပုံစံ ပြန်လည်ဖန်တီးခဲ့တာပါ။ အဲဒီစိန်ပွင့်က ယွမ် ၃ သိန်း တန်ဖိုးရှိပြီး Luoyang Time Promise ကုမ္ပဏီက လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်ထံ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

Ref:World First – Chinese Scientist Create Diamond Out of Red Peonies

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top