The Toddlers & Tiaras တီဗီရှိုးမှာ ပါဝင်ခဲ့တဲ့ ဆယ်ကျော်သက် ခိုင်လီရာ ပိုဆေး (Kailia Posey) ဟာ အသက် ၁၆ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီရှိုးမှာ ပါဝင်ခဲ့စဉ်က သူ့ရဲ့အမူအရာတစ်ခုက Meme အဖြစ် လူအများကြား ပျံ့နှံ့သွားခဲ့တာပါ။ အဲဒီ meme နဲ့ ခိုင်လီရာက လူသိများလာခဲ့ပါတယ်။

မေလ ၂ ရက်နေ့မှာ ခိုင်လီရာ သေဆုံးခဲ့တယ်ဆိုတာကို မိခင်ဖြစ်သူ မာစီ ပိုဆေး ဂါတာမန်းက အတည်ပြုပေးခဲ့တာပါ။ “ကျွန်မ့မှာပြောစရာ စကားလုံးတွေ၊ အတွေးတွေ မရှိဘူး။ ချောမောလှပတဲ့ကလေးလေး သေဆုံးသွားပြီ။ ကျေးဇူးပြုပြီး ခိုင်လီရာကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းပူဆွေးနေရတဲ့အတွက် ကိုယ်ရေးကိုယ်တာကိုလေးစားပေးပါ။ ထာဝရ ကျွန်မ့ကလေးလေး” လို့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Washington State Patrol ရဲဌာနကလည်း Birch Bay State Park မှာ နေ့ခင်း ၁ နာရီ ၂၀ ဝန်းကျင်လောက် ခိုင်လီရာ သေဆုံးခဲ့တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့ မိသားစုဝင်တွေက ကိုင်လီရာသေဆုံးရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့မရှိပါဘူး။ လက်ရှိ The Watcom County Medical Examiner ရုံးက ခိုင်လီရာကို သေဆုံးစေခဲ့တဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနေပါတယ်။

ခိုင်လီရာ ကျောင်းကပွဲတက်ပြီး ရက်ပိုင်းအတွင်းမှာ အခုလိုသေဆုံးသွားခဲ့တာပါ။ Lynden အထက်တန်းကျောင်းတက်ရောက်နေပြီး အလှမယ်ပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မကြာသေးခင်ကမှ ကျောင်းရဲ့ပန်းဖွားအဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ ဧပြီ ၁၉ ရက်နေ့ကမှ ခိုင်လီရာက အသက် ၁၆ နှစ် ပြည့်မြောက်ခဲ့တာပါ။
Ref: Ladbible “Iconic Toddlers And Tiaras Star Kailia Posey Dies At Just 16 Years Old”
WL ( ရိုးရာလေး )