အိမ်တွင်းအောင်းနေတုန်း ဆန်နဲ့ သဘာဝ Body Lotion လုပ်ကြမယ်

10-9-2020-yyl-012.jpg

မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြီးဟာ အခုထိ အဆုံးမသတ်သေးဘူးဆိုတာ စာဖတ်ပရိသတ်တွေ အသိပါပဲ။ မြန်မာနိုင်ငံမှာဆို ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းဖြစ်နေတဲ့အတွက် ပိုးတွေလူနာအရေအတွက်က တစ်နေ့တစ်နေ့များလာနေပါတယ်။ အခုလိုအခြေအနေမျိုးမှာ အိမ်မှာပဲနေတာ၊ Maskတပ်တာ၊ လက်ဆေးတာတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်နည်းတွေပါပဲ။ တချို့မိန်းကလေးတွေက အိမ်မှာနေရင်း အချိန်ကို အကျိုးရှိရှိအသုံးချဖြစ်ကြပါတယ်။ မိန်းကလေးတွေအတွက် အသားရေထိန်းသိမ်းဖို့က အရေးပါလှတဲ့အတွက် အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့ရတဲ့ သဘာဝအလှကုန်ပစ္စည်းလုပ်နည်းတွေက မိန်းကလေးတွေကြား ခေတ်စားလာပါတယ်။ အပြင်ထွက်လို့မရဘဲ အိမ်မှာ နေရင်းနဲ့ အလှကုန်ပစ္စည်းကုန်သွားတဲ့အခါ အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့ရတဲ့နည်းတွေရှိတဲ့အတွက် အရမ်းအဆင်ပြေမှာပါ။

ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Lotion ကုန်သွားခဲ့မယ်ဆိုရင်တော့ ပျိုမေတွေ စိုးရိမ်စရာမလိုပါဘူး။ အိမ်မှာပဲ ကိုယ်တိုင်လုပ်လို့ရတဲ့နည်းရှိပါတယ်နော်။ သင်က အသားရေကို ကြည်လင်ပြီး ချောမွေစေမယ့် Lotion လုပ်နည်းကိုရှာနေတယ်ဆိုရင် ဆန်နဲ့ Lotion ပြုလုပ်နည်းက ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဆန်ကလည်း အိမ်မှာ အလွယ်တကူရနိုင်တဲ့အရာပါပဲ။

ဆန်က အိမ်တိုင်းအိမ်တိုင်းမှာ တွေ့ရတဲ့၊ မိသားစုတိုင်းချက်စားဖြစ်ကြတဲ့ မရှိမဖြစ်အရာဖြစ်ပါတယ်။ ဆန်က အသားရေအတွက်လည်း ကောင်းပါတယ်။ အမဲစက်တွေကို လျော့ပါးသွားအောင်၊ ကြမ်းတမ်းတဲ့အသားရေကို ချောမွေ့သွားအောင် ကူညီပေးတဲ့အပြင် အသားရေကိုလည်း ကြည်လင်ဝင်းပသွားလောက်တဲ့အထိ အစွမ်းထက်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ ဆန်နဲ့ Body Lotion ကိုယ်တိုင်လုပ်နိုင်မယ့်နည်းတွေကို မျှဝေပေးလိုက်ရပါတယ်။

  • မချက်ရသေးတဲ့ဆန်ကို အညစ်အကြေးတွေဖယ်ရှားပြီး သန့်စင်သွားဖို့အတွက် ရေနဲ့ သေချာဆေးလိုက်ပါ
  • ရေဆူအိုးတည်ထားတဲ့အိုးထဲကို ဆန်အနည်းငယ်ထည့်ကာ ဆန်တွေ ပျော့သွားတဲ့အထိ တည်လိုက်ပါ
  • ပျော့သွားတဲ့အထိ ချက်ထားတဲ့ဆန်တွေကို အအေးခံကာ ဆန်တွေကို ကြိတ်လိုက်ပါ
  • ကြိတ်ထားတဲ့ဆန်တွေထဲကို နှံ့အောင်မွှေပြီး ဗီတာမင်အီအဆီကို ရောထည့်လိုက်ပါ
  • အနံ့မွေးချင်ရင်တော့ မရှိမဖြစ်ဆီတစ်မျိုးမျိုးကို ထည့်ပေးလို့ရပါတယ်

အကုန်လုံးရောနှောပြီးသွားရင် ပုလင်းတစ်ခုထဲလောင်းထည့်ပြီး ရေခဲသေတ္တာထဲ သိုလှောင်ထားလိုက်ပါ။ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် ဒီLotion က (၄) ရက်လောက်ခံပါတယ်။

Ref: How to make body lotion with rice at home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top