ကျော်ကြားတဲ့ အနုပညာရှင်သာ မဖြစ်ခဲ့ဘူးဆိုရင် သူတို့ ဘာတွေလုပ်နေကြမှာလဲ

won.jpg

ကိုယ့်ရဲ့အသည်းစွဲ ကိုရီးယားအနုပညာရှင်တွေက တခြားဘယ်လိုအလုပ်မျိုးနဲ့လိုက်ဖက်သေးလဲ ဆိုတာ တွေးကြည့်ဖူးလား။

K-Pop ပရိသတ်တွေကတော့  သူတို့ idols တွေသာ K-Pop လမ်းကြောင်းကိုမလျှောက်လှမ်းခဲ့ရင် သူတို့နဲ့လိုက်တဲ့အလုပ်အကိုင်က ဘယ်လိုမျိုးဖြစ်မလဲဆိုတာ စိတ်ကူးနဲ့ တွေးတောခဲ့ကြပါတယ်။ ကိုယ့်ရဲ့အသည်းလေးတွေနဲ့လိုက်ဖက်မယ့် အလုပ်အကိုင် ကဘာတွေဖြစ်မလဲ၊ တစ်ချက်ကြည့်လိုက်ရအောင်။

၁။ Wonbin (ဝမ်ဘင်)– သရုပ်ပြမော်ဒယ်

ဆောင်းဦးရွက်ကြွေ ချစ်သက်သေဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်ရဲ့နှလုံးသားကိုဖမ်းစားနိုင်ခဲ့တဲ့ ထယ်စောက် လို့လူသိများတဲ့ မင်းသား Won Bin က သရုပ်ဆောင်သာ မဖြစ်ခဲ့ရင် သူနဲ့လိုက်ဖက်မယ့်တခြားအလုပ်က သရုပ်ပြမော်ဒယ်ပါတဲ့။

၂။ Yang Hongwon (Young B ) — ပစ္စည်းပို့သမား

အသက် ၁၈ နှစ်အထက်တန်းကျောင်းသားတဖြစ်လဲ အောင်မြင်တဲ့ရက်ပါ (Rapper ) တစ်ယောက်လည်းဖြစ်တဲ့ Yang Hongwon ( Young B ) နဲ့လိုက်ဖက်မယ့်တခြားအလုပ်ကတော့ ပစ္စည်းပို့သမား အလုပ်ပါတဲ့။

၃။ Yoo Jae Suk — နိုင်ငံရေးသမား

တောင်ကိုးရီးယားရဲ့ ဟာသသရုပ်ဆောင်လည်းဖြစ်ပြီး variety show ပွဲတွေရဲ့ အစီအစဉ်တင်ဆက်သူ MC လည်းဖြစ်တဲ့ Running Man အဖွဲ့ဝင် Yoo Jae Suk နဲ့လိုက်ဖက်မယ့် အလုပ်ကတော့ နိုင်ငံရေးအလုပ်ပါတဲ့။ သူ့ရဲ့အပြောတွေကပရိသတ်တွေကြွေစေနိုင်လို့ပဲဖြစ်ပါတယ်။

၄။ Girl’s Day အဖွဲ့ဝင် Yura — အနုပညာဆရာမ

တောင်ကိုရီးယားအမျိုးသမီး K-Pop အဖွဲ့ဖြစ်တဲ့ Girl’s Day အဖွဲ့ဝင် Yura က အဆိုတော်သာ မဖြစ်ခဲ့ရင်သူမနဲ့လိုက်ဖက်မယ့်အလုပ်က အနုပညာကျောင်းကဆရာမပါတဲ့။

၅။ Kim Jong Kook —ကျန်းမာရေးအသင်းအဖွဲ့ရဲ့ ဒါရိုက်တာ

Running Man အဖွဲ့ထဲမှာ ကျားကြီးလို့ချစ်စနိုးခေါ်ကြတဲ့ ကင်ဂျုံးဂု (Kim  Jong Kook) က အဆိုတော်၊ သရုပ်ဆောင် သာဖြစ်မလာခဲ့ဘူးဆိုရင် သူနဲ့လိုက်ဖက်မယ့်အလုပ်က ကျန်းမာရေး အသင်းရဲ့ ဒါရိုက်တာလုပ်သင့်ပါတယ်တဲ့။ သူ့ရဲ့ဗလတွေကိုကြည့်ပြီး ပရိသတ်တွေကပေးလိုက်တဲ့အလုပ်ပါ။

၆။ SEVENTEENS အဖွဲ့ဝင် Vernon —-ဆယ်ကျော်သက်ရုပ်ရှင်(Teen Movie)ရဲ့ သရုပ်ဆောင်

ကိုရီးယား- အမေရိကန် ကပြားဖြစ်တဲ့ K-Pop လောကရဲ့ SEVENTEEN အဖွဲ့က main rapper တယောက်ဖြစ်တဲ့ Vernonက ဆယ်ကျော်သက်ရုပ်ရှင် (Teen Movie) ရဲ့သရုပ်ဆောင်အနေနဲ့လိုက်ဖက်မှာပါတဲ့။

၇။ Kim Yuna —ဘဲလေးကချေသည်

တောင်ကိုရီးယားရဲ့စကိတ်စီးမယ်တစ်ယောက်အဖြစ်နဲ့ ကမ္ဘာ့ချန်ပီယံဆုတွေအများကြီးဆွတ်ခူးနိုင်ခဲ့တဲ့ Kim Yuna နဲ့လိုက်ဖက်မယ့်တခြားအလုပ်ကတော့ ဘဲလေးကချေသည်ပဲဖြစ်ပါတယ်။

၈။ Exo အဖွဲ့ဝင် Suho — သတင်းကြေညာသူ

Exo အဖွဲ့ရဲ့ lead vocalist တစ်ဦးဖြစ်တဲ့ Suho နဲ့လိုက်ဖက်မယ့်အလုပ်ကတော့ သတင်းကြေညာသူပါတဲ့။

၉။ Red Velvet အဖွဲ့ဝင် Irene — လေယာဉ်မယ်

အဆိုတော်၊TV အစီအစဉ်တင်ဆက်သူ၊ မင်းသမီး အဖြစ်အသက်မွေးဝမ်းကြောင်းပြုနေတဲ့ Red Velevet အဖွဲ့ဝင် Irene နဲ့လိုက်ဖက်တဲ့အလုပ်ကတော့လေယာဉ်မယ်ပါ။

May Moe (ရိုးရာလေး)

Ref : Entertainment : If These Idols Hadn’t Become Celebrities This Is What They Might Be Doing

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top