သွေးအမျိုးအစားအလိုက် ရွေးချယ်သင့်သော ခရီးအမျိုးအစား

a-blood-type.jpg

သွေးအမျိုးအစားပေါ် မူတည်ပြီး သူတို့နဲ့ လိုက်ဖက်မယ့် ခရီးအမျိုးအစားလေးတွေ အကြံပေးကြည့်ချင်ပါတယ်။ ကိုယ့်စိတ်နေသဘောထားနဲ့ လိုက်ဖက်တဲ့ ခရီးမျိုးကို ထွက်လိုက်ရတာလောက် ပြီးပြည့်စုံသည့် ခရီးမျိုး ရှိတော့မည်မထင်။

A Blood Type

များသောအားဖြင့် အေးအေးဆေးဆေး နေတတ်ကြတယ်။ စိတ်ရှည်ပြီး လေးလေးနက်နက် တွေးခေါ်တတ်တယ်။ သည်လိုလူမျိုးတွေဟာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ နောက်ကြောင်း ရာဇဝင်တွေ၊ အနုပညာလက်ရာတွေ ဒါတွေကို နှစ်သက်တတ်ကြသလို အမြတ်တနိုး တန်းဖိုးလည်း ထားတတ်ကြပါတယ်။ သူတို့နဲ့ လိုက်ဖက်တာက Ancient City ခရီးစဉ်မျိုးပေါ့။ ဒါ့ကြောင့် အေသွေးအမျိုးအစား ခရီးသွားတွေ အနေနဲ့ ပုဂံ၊ ကမ္ဘောဒီးယား၊ Tah Maha တို့လို နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။

B Blood Type

ပျော်ပျော်ရွှင်ရွှင်နှင့် ဖျတ်လတ်တက်ကြွတဲ့ သူလေးတွေပေါ့။ ချစ်ရသူနဲ့သာဆိုရင် Romantic ကလည်း ဆန်သေး။ ဘီသွေးအမျိုးအစား ခရီးသွားတွေအတွက် မျက်လုံးထဲ ထင်းခနဲ မြင်မိတာကတော့ ပင်လယ်ကမ်းခြေလို နေရာမျိုးတွေပါပဲ။

AB Blood Type

အထာကျတယ်၊ ကိုယ့်ဘာသာ ထိန်းထိန်းသိမ်းသိမ်းနေတတ်တယ်၊ လူမှုဆက်ဆံရေးကလည်း ခပ်ကောင်းကောင်းရယ်၊ ထက်မြက်မှုကလည်း ရှိတော့ တစ်ကိုယ်တော်ခရီးလေးတွေ စမ်းပြီး ထွက်ကြည့်သင့်တယ်။ မိတ်ဆွေအသစ်တွေ ဖွဲ့ရတာ နှစ်သက်တဲ့ အေဘီသွေးအမျိုးအစား ခရီးသွားတွေ အနေနဲ့ Solo Trip လေးတွေထွက်ပြီး Self-confidence ပိုကြီးမားလာအောင် တည်ဆောက်သင့်ပါတယ်။

O Blood Type

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြတယ်။ ဆုံးဖြတ်နိုင်စွမ်းကောင်းတယ်။ ရည်မှန်းချက်ကြီးပြီး မဆုတ်မနစ် အားထုတ်လိုစိတ် ပြင်းကြတယ်။ သူတို့အတွက်တော့ Trekking/Mounting/Diving စတဲ့ စွန့်စားခရီးလေးတွေနဲ့ လိုက်ဖက်မယ်လို ယုံကြည်ပါတယ်။

အကြိုက်လေးတွေနဲ့ လွဲကောင်းလွဲခဲ့ရင်လည်း စိတ်မဆိုးရဘူးနော်။ လွဲနေရင်လည်း ကိုယ်က ဘာသွေးအမျိုးအစားဖြစ်ပြီး ဘယ်ခရီးစဉ်မျိုး ကြိုက်တယ်ဆိုတာ အကြံပေးခဲ့ကြပါအုံး။ မှန်ခဲ့ရင်လည်း ချမ်းလည်း ပီတိဖြစ်ရအောင် ကွန်းမန့်ပေးသွားပါအုံး…

[ဤဆောင်းပါးကို ရိုးရာလေး၏ မိတ်ဖက် ခရီးသွားဆောင်းပါးများစာမျက်နှာ https://www.facebook.com/TravellerChanMyanmar မှ ကူးယူဖော်ပြပါသည်။ ပို့စ်အား ရှယ်မည်ဆိုပါက လွတ်လပ်စွာ ရှယ်နိုင်ပါသော်လည်း ပုံကိုလည်းကောင်း၊ စာကိုလည်းကောင်း၊ ပုံနှင့်စာအားလည်းကောင်း ကူးယူဖော်ပြခြင်းမျိုးကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။]

ရေးသားသူ – Chan Myae Ei
Ref – http://travellerchan.com/articles/70-2017-10-20-05-06-33

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top