vivo နှင့် UNESCO တို့ ပူးပေါင်းပြီး နိုင်ငံတကာလူငယ်များအတွက် Capture the Future အစီအစဉ်ကို အီတလီနိုင်ငံတွင် ကျင်းပခဲ့

vivo.webp

vivo နှင့် UNESCO Man and the Biosphere (MAB) အစီအစဉ်သည် “2026 Capture the Future: Global Youth Storytelling Initiative for People and Nature” အစီအစဉ်၏ နောက်ဆုံးအခန်းကဏ္ဍအဖြစ် အီတလီနိုင်ငံရှိ Appennino Tosco Emiliano ဇီဝနယ်မြေထိန်းသိမ်းရေးစခန်းတွင် (၅)ရက်တာကြာမြင့်သည့် “Co-Creation Camp” ကို ဩဂုတ်လ (၃၁) ရက်နေ့မှ စက်တင်ဘာလ (၅) ရက်နေ့အထိ ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်ခံရသည့် လူငယ် (၁၅) ဦး တက်ရောက်ခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်း လျှောက်လွှာခေါ်ယူမှုမှတစ်ဆင့် ရွေးချယ်ခံရသည့် ကျောင်းသားများ၊ လူငယ်ဓာတ်ပုံ ဆရာများနှင့် ပုံဖော်ဖန်တီးသူများသည် အီတလီနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်တွေ့ လေ့လာမှုများ၊ ကျွမ်းကျင်သူများ၏သင်ခန်းစာများနှင့် ပူးပေါင်းဖန်တီးမှုများမှတစ်ဆင့် လူနှင့် သဘာဝ၏ အချိတ်အဆက်ကို လေ့လာခဲ့ကြသည်။ vivo စမတ်ဖုန်းများကိုအသုံးပြု၍ ကိုယ်ပိုင်ဓာတ်ပုံဆောင်းပါးများနှင့် ရုပ်ရှင်တိုများကို ဖန်တီးခဲ့ကြသည်။

ကမ္ဘာလုံးဆိုင်ရာ ဖိတ်ခေါ်မှုမှသည် ဖန်တီးမှုခရီးစဉ်တစ်ခုဆီသို့

vivo နှင့် UNESCO MAB တို့မှ ၂၀၂၆ ခုနှစ် မတ်လတွင် စတင်မိတ်ဆက်ခဲ့သည့် “Capture the Future” အစီအစဉ်သည် UNESCO ဇီဝနယ်မြေရှိ လူနှင့် သဘာဝ၏ ဆက်စပ်ပုံကို ရုပ်ပုံများဖြင့် ပုံဖော်ပြသနိုင်ရန် လူငယ်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုကမ္ဘာလုံးဆိုင်ရာ ဖိတ်ခေါ်မှုမှတစ်ဆင့် နိုင်ငံပေါင်း ၉၈ နိုင်ငံမှ လူငယ်များ၏ ဖန်တီးမှုပေါင်း ၇၄၅ ခု လက်ခံရရှိခဲ့ပြီး ထိုဖန်တီးမှုများသည် ကမ္ဘာတစ်ဝှမ်းရှိ UNESCO ဇီဝနယ်မြေ ၁၂၀ ကျော်နှင့် ချိတ်ဆက်ထားသည်။

ယခု ကျင်းပခဲ့သည့် Co-Creation Camp သည် တစ်နှစ်တာ ကြိုးပမ်းမှု၏ မှတ်တိုင်တစ်ခုဖြစ်သည်။ vivo ၏ ပုံရိပ်နည်းပညာ ကျွမ်းကျင်သူ Keshav Chugh၊ UNESCO MAB ၏ ဆက်သွယ်ရေးတာဝန်ခံ Manoel Giffoni၊ ZEISS Ambasssador Solli Kanani နှင့် ဆုရ ရုပ်ရှင်ဒါရိုက်တာ Marko Roth တို့ အပါအဝင် မတူညီသည့် နယ်ပယ်အသီးသီးမှ နည်းပြအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရွေးချယ်ခံရသူ (၁၅) ဦးသည် Appennino Tosco Emiliano နယ်မြေ၏ ဇီဝမျိုးစုံမျိုးကွဲများ၊ ရိုးရာဓလေ့များနှင့် လူမှုအဖွဲ့အစည်း တို့ကို လေ့လာပြီး သက်ဝင်လှပသောဓာတ်ပုံများအဖြစ် ဖန်တီးပုံဖော်ခဲ့ကြသည်။

“ဒီအတွေ့အကြုံက ဇီဝနယ်မြေတွေရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂါတ်နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ ခံစားချက်တွေကို ရိုက်ကူးပုံဖော်ခွင့် ရခဲ့ပါတယ်။ မတူညီတဲ့ လက်တွေ့ဘဝတွေကြားထဲက အားလုံးရဲ့ တူညီတဲ့ အဓိပ္ပာယ်တစ်ခုကို ကျွန်မတို့ ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒီချိတ်ဆက်မှုဟာ ကျွန်မရဲ့ ရင်ထဲမှာ နက်ရှိုင်းစွာ ကျန်ရှိနေမှာပါ။” ဟု ဂျာမနီနိုင်ငံမှ Lea Meny က ဆိုသည်။

“သူတို့ရဲ့ စူးစမ်းလိုစိတ်၊ ပွင့်လင်းမှုနဲ့ သူတို့ရဲ့ ဒေသ၊ လူထုအဖွဲ့အစည်းအပေါ် ထားရှိတဲ့ ခိုင်မာတဲ့ သံယောဇဉ်တွေကို ကျွန်မတွေ့ရတယ်။ သူတို့ ပုံဖော်ထားတဲ့ဇာတ်လမ်းအများစုက ကိုယ်ပိုင်ခံစားချက်တွေ အပြည့်ပါဝင်နေပြီး သဘာဝ၊ ယဉ်ကျေးမှုနဲ့ အနာဂါတ်ဆိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ မေးခွန်းတွေနဲ့လည်း ချိတ်ဆက်ထားတာကို တွေ့ရတယ်။”ဟု Co-Creation Camp Mentor အဖြစ်တာဝန်ယူထားတဲ့ Solli KANANI ကပြောသည်။

ဒေသတွင်း ပုံဖော်မှုများမှသည် ကမ္ဘာ့တစ်ဝှမ်းဆီသို့

စက်တင်ဘာလ (၅) ရက်နေ့တွင် Camp တွင်ရိုက်ကူးထားသည့်ဓာတ်ပုံ ပြပွဲနှင့် ဗီဒီယိုပြသသည့် အစီအစဉ်ဖြင့် ကျင်းပခဲ့ပြီး ပါဝင်သူများသည် ၎င်းတို့၏ ဖန်တီးမှုလက်ရာများကို ဒေသခံပရိသတ်များထံ ပြသခဲ့ကြသည်။ Camp အတွင်း ဖန်တီးခဲ့သော ဓာတ်ပုံအကြောင်းအရာများသည် အီတလီနိုင်ငံအပြင် ကမ္ဘာတစ်ဝှမ်းဆီသို့ ဆက်လက်ပျံ့နှံ့သွားမည်ဖြစ်ပြီး ရွေးချယ်ထားသော လက်ရာများကို vivo နှင့် UNESCO MAB တို့၏ ကမ္ဘာလုံးဆိုင်ရာ ပလက်ဖောင်းများမှတစ်ဆင့် မျှဝေသွားမည်ဖြစ်သည်။ ထို့အပြင် လူငယ်များ၏ ခရီးစဉ်တစ်လျှောက်ဖန်တီးမှုများနှင့် အတွေ့အကြုံများကို မှတ်တမ်းတင်ရုပ်ရှင် အဖြစ် လည်း ရိုက်ကူးဖော်ပြသွားမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖိတ်ခေါ်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲများမှသည် ယခု Co-Creation Camp အထိ “Capture the Future” သည် လူငယ်များအတွက် လူနှင့် သဘာဝကြား ဆက်စပ်မှုကို စောင့်ကြည့်၊ ဖန်တီး၊ မျှဝေနိုင်မည့် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်။ ဤအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားသည်နှင့်အမျှ ယခု လူငယ်ဖန်တီးရှင်များ၏ လက်ရာများသည် ရေရှည်တည်တံ့သော အနာဂါတ်အတွက် ဒေသတွင်း အတွေ့အကြုံများကို ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲများဆီသို့ ဆက်လက်ချိတ်ဆက်ယူဆောင်ပေးနေမည်ဖြစ်သည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top