ကန်ဒေါ်လာ ၆ သန်းကျော် အိမ်ခြံမြေလိမ်လည်တယ်လို့စွပ်စွဲခံခဲ့ရတဲ့ အဆိုတော်မင်းသား Rain

28.9.23-yyl-7.jpg

ဒိတ်ဒိတ်ကြဲကေပေါ့ပ်အဆိုတော်မင်းသား Rain ဟာ အီထယ်ဝန်ရပ်ကွက်က အိမ်တစ်အိမ်ကို ကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ရောင်းချရာမှာ အိမ်ခြံမြေလိမ်လည်တယ်လို့ စွပ်စွဲခံခဲ့ရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ လူတစ်ဦးက ပိုင်ဆိုင်မှုအတုအယောင်ရောင်းချမှုအတွက် Rain ကို တိုင်ကြားခဲ့တယ်လို့ Korea JoongAng Daily သတင်းဌာနက စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

စွပ်စွဲတဲ့သူ မစ္စတာအေရဲ့အပြောအရဆိုရင် ဟွာဆောင်းမြို့က သူ့ရဲ့Namyang New Town အဆောက်အဦးကို အဆိုတော် Rain ဆီ ကန်ဒေါ်လာ ၁၈ သန်းနဲ့ရောင်းချဖို့ သဘောတူညီမှုလုပ်ခဲ့ကြတယ်။ သဘောတူညီချက်အနေနဲ့ မစ္စတာအေက ကန်ဒေါ်လာ ၆ သန်းကျော်နဲ့ အီထယ်ဝန်က Rain ရဲ့အိမ်ကို ဝယ်ယူခဲ့ပါတယ်။ မစ္စတာအေက Rain ကို အဲဒီအိမ်ကို ကြည့်လို့ရမလားလို့ တောင်းဆိုတော့ Rainက အကြည့်မခံခဲ့ဘူးလို့ ပြောပါတယ်။

သဘောတူညီချက်ချုပ်ဆိုပြီးတဲ့နောက်မှာ Rain ပြောထားတဲ့အိမ်ပုံစံ၊ အိမ်ခြံမြေအကျိုးဆောင်ပြထားတဲ့ပုံထဲက အိမ်ပုံစံနဲ့ လုံးဝကွာခြားနေတယ်လို့ ဆိုပါတယ်။ တကယ်အဆောက်အဦးမှာ ပုံထဲပြထားသလို ရေကူးကန်မပါခဲ့ဘူး၊ အတွင်းဒီဇိုင်းတွေလည်း လုံးဝတခြားစီဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ မစ္စတာအေက အိမ်ခြံမြေအကျိုးဆောင်နဲ့ဆက်သွယ်တော့ အိမ်ပုံတွေကို Rain က ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဩဂုတ်လက မစ္စတာအေက အဆိုတော် Rain ကို Yongsan Police Precint မှာ တိုင်ချက်ဖွင့်ခဲ့တာပါ။

အဆိုတော် Rain က သူ့ရဲ့အေဂျင်စီ Rain Company ကတဆင့် ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အိမ်ကို လာကြည့်ပြီးမှ ငွေချေတာဖြစ်ကြောင်း၊ အိမ်ပုံကိုလည်း မှားပြီးမပို့ဖူးကြောင်း၊ ဒီလိုတန်ဖိုးကြီးအိမ်ကို ရောင်းဝယ်ရာမှာ ပုံအမှားပို့တယ်ဆိုတာ လုံးဝယုတ္တိမရှိကြောင်း ငြင်းဆိုထားပါတယ်။

Ref: ‘Entirely illogical’: Rain denies allegations of $8.6m real estate fraud

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top