သိန်း ၂၀၀ တန်ကြေးရှိတဲ့ ရွှေထည်တွေကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့ ထိုင်းသန့်ရှင်းရေးဝန်ထမ်း

18.8.23-yyl-2.jpg

ရိုးသားမှုဂုဏ် စားမကုန်တဲ့။ ထိုင်းသန့်ရှင်းရေး ဝန်ထမ်းအမျိုးသမီး ချမ်းဝမ်ရဲ့ ရိုးသားမှုဂုဏ်ကလည်း အချိန်တိုအတွင်း ပျံ့နှံ့သွားတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ နံနက်မှာ ချမ်းဝမ်က လမ်းသန့်ရှင်းရေး လုပ်နေတုန်း မြန်မာငွေ သိန်း ၂၀၀ (ဘတ် ၂ သိန်း) နီးပါး တန်ကြေးရှိတဲ့ ရွှေထည်တွေ ကောက်ရခဲ့တာပါ။ ရွှေဘူးမှန်း သိလို့ သူ ဖွင့်မကြည့်ခဲ့ဘူး။

အနီးနားက စားသောက်ဆိုင်ပိုင်ရှင်ကို ရွှေဘူး ကောက်ရထားကြောင်း ပြောတယ်။ ပြီးတော့ ရဲစခန်းကိုလည်း အကြောင်းကြားခဲ့တယ်။ ရဲစခန်းက ရွှေဘူးပိုင်ရှင်ကို ရှာဖွေနိုင်ခဲ့ပြီး ရွှေဘူး ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ်။ အဲဒီရွှေဘူးပိုင်ရှင်ကတော့ အလွတ်တန်းဓာတ်ပုံဆရာ အစ်တီဖွန်ပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပါတီပွဲကို လာချိန်မှာ စိတ်ချရအောင်ဆိုပြီး ဆွဲကြိုး၊ ဟမ်းချိန်းနဲ့ ရွှေမှန်ဘောင် တစ်ခုကို ဘူးထဲ ထည့်သိမ်းရင်း ကျပျောက်ခဲ့တာပါ။

” ကျွန်မလည်း ရွှေဆွဲကြိုးတစ်ကုံး ပျောက်ဖူးတယ်လေ။ ဒီတော့ ပျောက်သွားတဲ့ ရွှေဘူးပိုင်ရှင် စိတ်မကောင်းဖြစ်နေတော့မှာလို့ တွေးမိတယ်။ အခုလို ကောင်းမှုပြုရတာ အရမ်းဝမ်းသာတာပဲ။ မျက်ရည်ကျမတတ် ပျော်ပါတယ်”လို့ သန့်ရှင်းရေးဝန်ထမ်း ချမ်းဝမ်က ဆိုပါတယ်။

တကယ်တော့ ချမ်းဝမ်က အမြဲတမ်းဝန်ထမ်း မဟုတ်သေးပါဘူး။ နေ့စားသန့်ရှင်းရေးဝန်ထမ်းပါ။ သူ့ရဲ့ ရိုးသားမှုကြောင့် ပက်ချာဘန်းမြို့တော်ဝန်က ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သလို ဆုငွေလည်း ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို အမြဲတမ်းဝန်ထမ်းခန့်အပ်ဖို့လည်း စီစဉ်နေပါပြီ။

Ref: I’m so happy to do a good deed, says Thai street cleaner who returned gold worth nearly a year’s wages

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top