မိတဆိုးသမီးလေး မျက်နှာမငယ်အောင် မိခင်များနေ့ပွဲမှာ အမျိုးသမီးလို ဝတ်ဆင်လာခဲ့တဲ့ ဖခင်

18.8.23-yyl-1.jpg

ထိုင်းနိုင်ငံက ကျောင်းမှာ မိခင်များနေ့ အထိမ်းအမှတ်ပွဲလုပ်တော့ မိတဆိုးသမီးလေး မျက်နှာမငယ်အောင် ဖခင်ဖြစ်သူက အမျိုးသမီးတစ်ဦးလို ဝတ်ဆင်လာခဲ့တာပါ။ သူတို့ သားအဖနှစ်ယောက် ပြုံးပျော်နေတာကြည့်ပြီး မြင်ရတဲ့သူတွေကိုပါ အပျော်ကူးစက်စေခဲ့ပါတယ်။

တကယ်တော့ ပရက်ချာယာက နက်တာဝဒီရဲ့ဖခင်အရင်း မဟုတ်ပါဘူး၊ မွေးစားထားတာပါ။ မိခင်များနေ့မှာ သူများတွေလို မိခင်မရှိလို့ သမီးလေး စိတ်အားငယ်နေမှာ ပရက်ချာယာက မမြင်ရက်ပါဘူး။ ဒါကြောင့် အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ပြီး မိခင်အဖြစ် လိုက်လာခဲ့တာပါ။

” မွေးစားအဖေဆိုပေမဲ့ သမီးအရင်းလို ချစ်တယ်လို့ ခရင်မ်(နတ်တာဝဒီရဲ့ ချစ်စနိုးအမည်)ကို ကျွန်တော် အမြဲပြောပြပါတယ်။ သမီးလေးကို ဖခင်မေတ္တာရော၊ မိခင်မေတ္တာရော ပေးနိုင်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ”လို့ ပရက်ချာယာက ပြောပါတယ်။ ပရက်ချာယာဟာ သူ့သမီးလေး နတ်တာဝဒီရဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ကျောင်းဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ပရက်ချာယာနဲ့ နက်တာဝဒီတို့ သားအဖရဲ့ TikTok ဗီဒီယိုဟာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး သူတို့သားအဖရဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်စရာကောင်းပုံကို လူတွေက ပီတိဖြစ်နေကြပါတယ်။

Ref: Single dad in Thailand dresses up as woman for daughter’s Mother’s Day school celebration

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top