Foodpanda ဝန်ဆောင်မှုက ထိုင်းနိုင်ငံကနေ ထွက်ခွာတော့မယ်

panda.jpg

အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ Foodpanda ဟာ ထိုင်းနိုင်ငံက ဝန်ဆောင်မှုကိုမေလ ၂၃ ရက်နေ့ကစတင်ပြီး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ချက်က မိခင်ကုမ္ပဏီ Delivery Hero ရဲ့ မဟာဗျူဟာကို အကောင်းဆုံးဖြစ်ဖို့ အာရုံစိုက်ထားမှုနဲ့ အညီလုပ်ခဲ့တာဖြစ်ပါတယ်။

အရင်ကလည်း ဒိန်းမတ်၊ ဂါနာ၊ စလိုဗက်ကီးယားနဲ့ စလိုဗေးနီးယားတွေက ဝန်ဆောင်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါသေးတယ်။ ကုမ္ပဏီက အာရှ-ပစိဖိတ်ဒေသရဲ့အခြားဒေသတွေမှာ အားထုတ်မှုတွေကို ဆက်လက်အာရုံစိုက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Delivery Hero က စင်္ကာပူအပါအဝင် ရွေးချယ်ထားတဲ့အရှေ့တောင်အာရှဈေးကွက်တွေမှာ foodpanda ရဲ့လုပ်ငန်းဆောင်တာတွေကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကလည်း သတင်းထွက်ရှိခဲ့ပါတယ်။ Grab က အလားအလာရှိတဲ့ဝယ်ယူသူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

Ref: Food delivery service foodpanda to exit Thailand

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top