ဖိလစ်ပိုင်ဂျာနယ်လစ်ကို ဆိုက်ဘာအသရေဖျက်မှုနဲ့ အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိ

15-6-2020-yyl-008.jpg

ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာဟာ ဆိုက်ဘာအသရေဖျက်မှုနဲ့ အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီအမှုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်အပေါ် စမ်းသပ်မှုတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ မာရီယာရက်ဆာကတော့ စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးလှုံ့ဆော်မှုဖြစ်တယ်လို့ ဆိုပါတယ်။ မာရီယာရက်ဆာရဲ့ သတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ Rappler မှာ စာရေးနေသူတစ်ယောက်လည်း အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အယူခံဝင်နေဖို့ စောင့်ဆိုင်းနေချိန်ကာလအတွင်း သူတို့နှစ်ယောက်ကို အာမခံနဲ့ ပြန်လွှတ်ထားပေမဲ့ အယူခံမအောင်မြင်ခဲ့ရင်တော့ ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။ မာရီယာရက်ဆာနဲ့ Rappler ဝက်ဘ်ဆိုက်ရဲ့စာရေးသူတစ်ယောက်ကို ရုံးတင်စစ်ဆေးတဲ့ ဒီအမှုဟာ သမ္မတ ဒူတာတေးအပေါ် ဝေဖန်သူတွေကို အသံတိတ်သွားအောင် ရည်ရွယ်တယ်လို့ မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားသူတွေက ပြောပါတယ်။ သမ္မတ ဒူတာတေးနဲ့ သူ့အပေါ် အားပေးထောက်ခံသူတွေကတော့ မာရီယာရက်ဆာနဲ့ သူ့ရဲ့သတင်းဝက်ဘ်ဆိုက်က သတင်းတုတွေ ဖြန့်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

CNN သတင်းဌာနရဲ့ ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မာရီယာရက်ဆာဟာ ၂၀၁၂ ခုနှစ်မှာ Rappler သတင်းဌာနကို တည်ထောင်ခဲ့ပါတယ်။ Rappler သတင်းဌာနဟာ ဒူတာတေးရဲ့အစိုးရအဖွဲ့နဲ့ သွေးချောင်းစီးတဲ့ မူးယစ်ဆေးဝါးစစ်ပွဲကို ဝေဖန်ရေးသားခဲ့တဲ့ သတင်းဌာနပါ။ မာရီယာရက်ဆာ စွဲချက်တင်ခံရတာဟာ စီးပွားရေးသမားတစ်ယောက်နဲ့ တရားသူကြီးတစ်ယောက်ကြား ပတ်သက်ဆက်နွှယ်မှုရှိနေတယ်ဆိုတဲ့ ရေးသားဖော်ပြချက်နဲ့လည်း သက်ဆိုင်နေပါတယ်။ အဲဒီဆောင်းပါး ရေးသားဖော်ပြပြီး ၄ လအကြာဖြစ်တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ ဆိုက်ဘာအသရေဖျက်မှုဥပဒေ စတင်အကျုံးဝင်လာခဲ့တာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top