ရုရှား သံတမန်တွေကို နှင်ထုတ်ဖို့ စဉ်းစားနေတဲ့ အမေရိကန်  

russia-will-expel-23-british-diplomats-as-relations-worsen-over-nerve-agent-attack-e1551580465326.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ  ရုရှားသူလျှိုဟောင်း အင်္ဂလန်နိုင်ငံမှာ အဆိပ်နဲ့ အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဗြိတိန်နဲ့ စုစည်းညီညွတ်မှုရှိတာကို ပြသနိုင်ဖို့အတွက် အမေရိကန်နိုင်ငံထဲက ရုရှား သံတမန်အချို့ကို နှင်ထုတ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အစောဆုံးအနေနဲ့ မတ်လ ၂၆ ရက်နေ့မှာ ကြေညာဖွယ်ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ရုရှားသူလျှိုဟောင်း ဆာဂေး စကရီပယ်လ်နဲ့ သူသမီး ယူလီယာကို အာရုံကြောကို ထိခိုက်စေတဲ့အရာနဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဥရောပ သမ္မဂအဖွဲ့ဝင် နိုင်ငံတွေဟာ ရုရှားအပေါ် ပြင်းထန်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ မတ်လ ၂၃ ရက်နေ့က သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ရုရှားသူလျှိုဟောင်းနဲ့ သူသမီးဟာ မတ်လ ၄ ရက်နေ့ ဗြိတိန်နိုင်ငံ ဆာလစ်ဘူရီမြို့က ခုံတန်းပေါ်မှာ အကြောင်းအရင်း အတိကျမသိရဘဲ လဲကျနေခဲ့ရာ သားအဖ နှစ်ဦးစလုံးကို ဆေးရုံ အရေးပေါ် တင်ပေးခဲ့ရပါတယ်။ အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရာဂျေဆက်က အမေရိကန်နိုင်ငံအနေနဲ့ ရုရှားကို ဘယ်လိုတုံပြန်ရမလဲဆိုတာကို စဉ်းစားနေပြီး အသေးစိတ်အချက်လက်တွေကို ထုတ်ပြောခဲ့တာ မရှိခဲ့ပါဘူး။

ရုရှားနိုင်ငံကတော့ သူလျှိုသားအဖ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ငြင်းဆိုထားပြီး ရုရှားသံတမန် ၂၃ ဦးကို နှင်ထုတ်မှုနဲ့ ပတ်သက်လို့ ဗြိတိနိုင်ငံအပေါ် လက်တုံပြန်မှုတွေ လုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွက် အမေရိကန်နိုင်ငံဟာလည်း ဗြိတိန်နိုင်ငံနဲ့အတူ ရုရှားနိုင်ငံအပေါ် ပြစ်တင် ဝေဖန်ထားကြောင်း သိရပါတယ်။

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top