မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ စံချန်တင်မြင့်မား

78f46819-8f77-4cbc-a612-25841075c621.jpeg

ရန်ကုန်၊ နိုဝင်ဘာ (၉)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရသူ စံချိန်တင်မြင့်မားနေတယ်လို့ UNHCR က ဖော်ပြချက်တွေအရ သိရပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကြာင့် ပြည်သူပေါင်း (၂၂၃,၀၀၀) ကျော်က နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင် နေရတာဖြစ်ပါတယ်။

ပြည်တွင်းက နေရပ်စွန့်ခွာရွှေ့ပြောင်းသူ အများဆုံးဒေသတွေက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေတာပါတယ်။

ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူတွေက အခြေခံလိုအပ်ချက်တွေ၊ ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ ဆက်လက် ရင်ဆိုင်ကြုံတွေ့ နေရတာဖြစ်တယ်လို့ UNHCR ထောက်ပြပြောဆိုထားပါတယ်။

ပြည်သူတွေအတွက် စားနပ်ရိက္ခာဖူလုံမှုက အဓိကအလေးထားစရာဖြစ်သလို ဘေးကင်းလုံခြုံမှုနဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကလည်း အလေးထားစရာပင်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပုံစာ- ၂၀၂၁ ခုနှစ်၊ မေလအတွင်း ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတချို့။
Photo- Social Media
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top