ဘာကြောင့် လေဖြတ်ကြတာလဲ

choose-between-rehab-and-skilled-nursing-1.jpg

လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောတွေကို အဆီတွေက ပိတ်ဆို့ထားတာတဲ့အချိန်နဲ့ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်တဲ့အချိန်မှာ ဖြစ်နိုင်ပါတယ်။

သွေးလည်ပတ်မှုမရှိတဲ့ နေရာတစ်ဝိုက်မှာ ဦးနှောက်ဆဲလ်တွေ ပျက်စီးစေပြီး ရောဂါပြင်းထန်မှုက ဦးနှောက်အတွင်း ထိခိုက်မိတဲ့အတိုင်းအတာ၊ နေရာတို့ပေါ်မှာ မူတည်ပါတယ်။ လေဖြတ်ခြင်း မဖြစ်အောင် (၈၀) ရာခိုင်နှုန်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • သွေးပေါင်နဲ့ ကိုလက်စထရောကို ပုံမှန်အနေအထားမှာ အမြဲရှိနေအောင် ထိန်းထားပါ။
  • ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်ပါ။
  • ကျန်းမာမျှတစွာ စားသုံးပါ။
  • ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
  • ခန္ဓာကိုယ်အဆီတွေကို လျှော့ချပါ။
  • အရင်လေဖြတ်ဖူးသူတွေက ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်ထပ် လေမဖြတ်စေဖို့ ကာကွယ်ပါ။

ဘယ်လိုသိရှိနိုင်မလဲ

  • မျက်နှာတစ်ခြမ်း ရွဲ့နေသလား
  • လက်မောင်းမြှောက်ရာမှာ အားနည်းနေသလား
  • စကားပြောရ ခက်ခဲနေသလား
    အချိန်နဲ့အမျှ အရေးကြီးပါတယ်။ အဲ့ဒီလက္ခဏာတွေကို ခံစားနေရပြီဆိုပါက
    လူနာတင်ယာဉ်အမြန်ဆုံးခေါ်ပါ (သို့မဟုတ်) လူနာအား နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာကို ရောက်အောင် အမြန်ဆုံးပို့ဆောင်ပါ။

ဘယ်လိုကူညီမလဲ

  • လေဖြတ်ခြင်းခံစားနေရပြီလို့ သံသယရှိသူကို ကူညီဖို့ အချိန်မှီလုပ်ဆောင်ချက်တွေဟာ အသက်အန္တရာယ်ကနေ ကယ်တင်ပေးနိုင်ပါတယ်။
  • မျက်နှာရွဲ့ခြင်း၊ လက်မောင်းအားလျော့လာခြင်း၊ စကားပြောရ ခက်ခဲလာခြင်း အစရှိတဲ့ လေဖြတ်ခြင်း လက္ခဏာတွေကို စစ်ဆေးပါ။
  • လူနာကို သက်တောင့်သက်သာရှိစေမယ့် အနေအထားမှာ လဲလျောင်းခိုင်းပါ။
  • အသက်ရှုရ လွယ်ကူစေဖို့နဲ့ သက်တောင့်သက်သာရှိစေဖို့ တင်းကျပ်တဲ့ အဝတ်အစားတွေကို ချောင်ချိသွားအောင် ကူညီပေးပါ။
  • ဆို့နင့်ခြင်းမဖြစ်စေဖို့ ပါးစပ်ထဲကို (အစားအစာ/ရေ အစရှိတဲ့) ဘယ်အရာကိုမှ မတိုက်ကျွေးပါနဲ့။
  • လူနာကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာကို အမြန်ဆုံးပို့ဆောင်ပါ။

နောက်ဆက်တွဲဆိုးကျိုး

  • လေဖြတ်ခြင်းကို လျင်မြန်စွာ သိရှိအောင်လုပ်ပြီး အသက်ကယ်ပါ။
  • လေဖြတ်ခြင်းဆိုတာ အရေးပေါ်အခြေအနေဖြစ်ပါတယ်။
  • တစ်စုံတစ်ယောက် လေဖြတ်ပါက ဦးနှောက်ရဲ့ သန်းပေါင်းများစွာရှိတဲ့ အာရုံကြောတွေလျင်မြန်စွာ ပျက်စီးသွားနိုင်တဲ့အတွက် စက္ကန့်တိုင်းဟာ အရေးကြီးလှပါတယ်။
  • ကုသရန် နှောင့်နှေးကြံ့ကြာသွားပါက ရေရှည်မသန်စွမ်းမှုတွေဖြစ်ပေါ်နိုင်ပါပြီး သေဆုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။

Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top