ကိုရီးယားမင်းသားဆောင်ဂျွန်ကီရဲ့ပရိသတ်တွေဖြစ်တဲ့ ထိုင်းသရုပ်ဆောင်များ

8-9-2021-yyl1.png

မင်းသားဆောင်ဂျွန်ကီက ကိုရီးယားနိုင်ငံမှာသာမက ပြည်ပနိုင်ငံမှာပါ နာမည်ကြီးတယ်ဆိုတာ ပရိသတ်တွေ အသိပါပဲ။ မကြာသေးခင်ကမှ မင်းသားဆောင်ဂျွန်ကီက ကိုရီးယားနိုင်ငံရဲ့ဝင်ငွေအမြင့်ဆုံးအနုပညာရှင်စာရင်းမှာ နံပါတ် ၄ နေရာဝင်ခဲ့ပါတယ်။ သူ ရိုက်ကူးတဲ့ဇာတ်ကားတိုင်းကလည်း ပရိသတ်တွေကြား လူပြောများခဲ့ပါတယ်။

ဂျွန်ကီရဲ့ပရိသတ်တွေထဲမှာ အနုပညာရှင်တွေလည်း အပါအဝင်ပါပဲ။ အင်ဒိုနီးရှားနိုင်ငံက မင်းသမီးတစ်လက်ဆိုရင်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်တာက အခြားသူတွေနဲ့မတူပါဘူး။ ဆောင်ဂျွန်ကီကို ချဉ်ခြင်းတက်တာပါတဲ့။ အဲဒါကြောင့် မင်းသားဆောင်ဂျွန်ကီက အင်ဒိုနီးရှားမင်းသမီးကို Video Call နဲ့ စကားပြောတွေ့ဆုံပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံက နာမည်ကြီးမင်းသား၊မင်းသမီးတွေထဲမှာလည်း ဆောင်ဂျွန်ကီရဲ့ပရိသတ်တွေရှိပါတယ်။ အဲဒီထိုင်းမင်းသား၊မင်းသမီးတွေက ဘယ်သူတွေလဲဆိုတာ စာဖတ်ပရိသတ်တွေကို မျှဝေပေးချင်ပါတယ်။

မင်းသား March Chutavuth ကလည်း မင်းသားဆောင်ဂျွန်ကီရဲ့ပရိသတ်တစ်ယောက်ပါပဲ။ သူက အခုနှစ်ထဲ ထွက်ရှိခဲ့တဲ့ ဂျွန်ကီရဲ့ နာမည်ကြီးဒရာမာ Vincenzo ထဲက Vincenzo Cassano ဇာတ်ကောင်အဖြစ်တောင် ပြောင်းလဲခဲ့ပါသေးတယ်။ ၂၀၂၁ခုနှစ် မေလမှာ ထွက်ရှိခဲ့တဲ့ Marchရဲ့ YouTube show မှာ ပရိသတ်တွေ တွေ့မြင်ခဲ့ရပါတယ်။ အင်စတာဂရမ်မှာလည်း ဆောင်ဂျွန်ကီရဲ့အကောင့်ကို follow လုပ်ထားပါတယ်။

မင်းသမီး Kimmy Kimberley ကလည်း မင်းသားဂျွန်ကီကို ကြိုက်နှစ်သက်တဲ့ သူပါပဲ။ ၂၀၁၆ခုနှစ်က Kimmy က ကိုရီးယားကို အလည်သွားခဲ့ပြီး ဂျွန်ကီ သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးဒရာမာ “Descendants of The Sun” ရဲ့ ရိုက်ကွင်းနေရာမှာတောင် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။

မင်းသမီး Bella Ranee ကလည်း ဂျွန်ကီရဲ့ ပရိသတ်ပါပဲ။ L’Officiel Thailand နဲ့ အင်တာဗျူးတစ်ခုမှာ Bella ဟာ အကြိုက်နှစ်သက်ဆုံးမင်းသားက ဆောင်ဂျွန်ကီလို့ ပြောခဲ့ဖူးပါတယ်။ အဲဒါတင်မကပါဘူး။ ဒရာမာမှာလည်း ဂျွန်ကီနဲ့အတူတူပါဝင်ရိုက်ကူးချင်တယ်လို့လည်း ဆိုပါတယ်။

Chippy Sirin၊ Thisa Varitthisa၊ Nune Woranuch၊ Mint Childa စတဲ့ ထိုင်းသရုပ်ဆောင်တွေအပါအဝင် အခြားထိုင်းအနုပညာရှင်တွေကလည်း အင်စတာဂရမ်မှာ ဂျွန်ကီကို Follow လုပ်ထားကြပါတယ်။

Ref: ThaiUpdate “Thai actors and actresses who are fans of Song Joong Ki”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top