ထိုင်းနယ်စပ်က ကာစီနိုဝိုင်း ဖွင့်ထားတဲ့ ကမ္ဘောဒီးယားဟိုတယ်မှာ မီးလောင်လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံး

29-12-2022-yyl05.jpg

ထိုင်းနယ်စပ်အနီးက ကာစီနိုဝိုင်း ဖွင့်ထားတဲ့ ကမ္ဘောဒီးယားဟိုတယ်မှာ မီးအကြီးအကျယ် လောင်ကျွမ်းလို့ အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲအချိန်က ပွိုင်ပက်မြို့ Grand Diamond City ဟိုတယ်မှာ မီးလောင်ကျွမ်းခဲ့တာပါ။ မီးလောင်ကျွမ်းချိန်မှာ ဟိုတယ်အတွင်း လူ ၄၀၀ ဝန်းကျင်လောက် ရှိပြီး ထိုင်းနိုင်ငံသား အများအပြား ရှိပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ အပေါ်ထပ်အခန်းတွေကနေ လူတွေ ခုန်ဆင်းနေတာ၊ ပြုတ်ကျလာတာ တွေ့ရပါတယ်။ အာဏာပိုင်တွေက မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲပါပဲ။ ပွိုင်ပက်မြို့ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက အဓိကနယ်စပ်မြို့ဖြစ်ပြီး ကာစီနိုဝိုင်းတွေကြောင့် ကျော်ကြားပါတယ်။ ထိုင်းနိုင်ငံသား တော်တော်များများကလည်း ဒီကာစီနိုဝိုင်းတွေမှာ လာကစားလေ့ရှိပါတယ်။

Ref: Cambodia casino fire: Ten dead in blaze on Thai border

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top