ပြန်ပေးသမားကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား

18.5.2023-yyl-3.jpg

ပြန်ပေးဆွဲဖို့ ကြိုးစားသူကို လေးခွနဲ့ပစ်ပြီး ညီမငယ်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၃ နှစ်သား ကောင်လေးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က မစ်ချီဂန်ပြည်နယ်၊ အယ်လ်ပီနာမြို့မှာ အခုလို ဖြစ်ခဲ့တာပါ။ ၈ နှစ်အရွယ် မိန်းကလေးငယ်က သူတို့ရဲ့အိမ်နောက်ဖေးမှာ မှိုခူးနေတုန်း အိမ်အနောက်ဘက် တောအုပ်ထဲကနေ ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး သူ့ကို ပါးစပ်ပိတ်ကာ တောထဲ ဆွဲခေါ်သွားဖို့ ကြိုးစားခဲ့တာပါ။

ဒီအချိန်မှာပဲ မိန်းကလေးရဲ့ အစ်ကိုက မြင်တွေ့သွားပြီး ပြန်ပေးဆွဲဖို့ ကြိုးစားသူကို လေးခွနဲ့ပစ်ခဲ့ပါတယ်။ သူ့ရဲ့လေးခွပစ်ချက်တွေဟာ ပြန်ပေးသမားရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်ကို ထိမှန်ခဲ့ပြီး ပြန်ပေးသမားလည်း ထွက်ပြေးသွားခဲ့တာပါ။ လိုက်လံရှာဖွေရာမှာတော့ အနီးနားက ဂတ်စ်ဆိုင်မှာ ပုန်းနေတာ တွေ့ရှိရပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားကို ပြန်ပေးဆွဲဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။

Ref: Hero 13-Year-Old Saves Little Sister From Kidnapper Using Slingshot

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top