အီလွန်မက်စ်ကို တွစ်တာ CEO ရာထူးကနေ နှုတ်ထွက်ဖို့ Follower တွေ မဲပေး

20-12-2022-yyl01.jpg

အီလွန်မက်စ်ရဲ့ Follower တွေကတော့ သူ့ကို တွစ်တာကုမ္ပဏီ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြပါတယ်။ အီလွန်မက်စ်ဟာ Follower ၁၂၂ သန်းရှိတဲ့ သူ့ရဲ့တွစ်တာအကောင့်မှာ CEO ရာထူးကနေ နှုတ်ထွက်သင့်၊ မနှုတ်ထွက်သင့် ဆိုတာကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ရလဒ်ကို လိုက်နာသွားမယ်လို့ ရေးသားခဲ့ပါတယ်။

အဲဒီစစ်တမ်းကို မဲပေးသူ ၁၇.၅ သန်းကျော် ရှိခဲ့ပြီး ၅၇.၅ ရာခိုင်နှုန်းကတော့ သူ့ကို တွစ်တာကုမ္ပဏီ CEO ရာထူးကနေ နှုတ်ထွက်ဖို့ မဲပေးခဲ့ကြတာပါ။ Tesla နဲ့ Space X ကုမ္ပဏီတွေကို ပိုင်ဆိုင်သူ အီလွန်မက်စ်ဟာ တွစ်တာကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ဝယ်ယူခဲ့ပြီးနောက်ပိုင်း ဝေဖန်မှုတွေ ရင်ဆိုင်နေရသူဖြစ်ပါတယ်။

မဲရလဒ် အဖြေပေါ်ခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။ သူဟာ အမှုဆောင်ချုပ်ရာထူးကနေ နှုတ်ထွက်ခဲ့မယ်ဆိုရင်တောင် တွစ်တာကုမ္ပဏီပိုင်ရှင်အဖြစ်တော့ ဆက်ရှိနေမှာပါ။

Ref:Elon Musk: Twitter users vote in favour of boss resigning

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top