“ရာမယဏ” ဇာတ်ကားအသစ်မှာ သီတာမင်းသမီးအဖြစ် မပါဝင်ဖြစ်တော့တဲ့ အလီယာဘတ်

25.8.23-yyl-3.jpg

ဘောလိဝုဒ်မင်းသမီးချော အလီယာဘတ်ဟာ “ရာမယဏ” (Ramayana) ဇာတ်ကားအသစ်မှာ သီတာမင်းသမီးအဖြစ် ပါဝင်ဖို့ ထုတ်လုပ်ရေးအဖွဲ့နဲ့ အရင်က စကားပြောဆိုထားပေမဲ့ အခု ဒီဇာတ်ကားမှာ မပါဝင်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ ရန်ဘီယာ ကာပူးရ်ပါ ပါဝင်မယ့် ဒီဇာတ်ကားအသစ်မှာ အလီယာ မပါဝင်ဖြစ်တဲ့အကြောင်းအရင်းက အချိန်ဇယားအဆင်မပြေတာကြောင့်လို့ ဆိုထားပါတယ်။

ရာမယဏကို ရိုက်ကူးဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှုများစွာ လိုအပ်ပြီး အကြိုထုတ်လုပ်ရေးတာဝန်တွေများမှာဖြစ်တဲ့အတွက် ရိုက်ကူးမယ့်အချိန်ကို ၂၀၂၄ ခုနှစ်အထိ ရွှေ့ထားရပါတယ်။ ရန်ဘီယာ ကာပူးရ်ကို အဓိကဇာတ်ဆောင်အဖြစ် အပြီးသတ်ရွေးချယ်ထားပြီးဖြစ်ပေမဲ့ အခြားအရေးကြီးတဲ့ဇာတ်ရုပ်တွေအတွက် သရုပ်ဆောင်တွေရွေးချယ်နေတုန်းပါပဲ။ ရာဝဏ (ဒသဂီရိ) ဇာတ်ရုပ်အတွက် မင်းသား Yash ကို လက်ရှိမှာ ထည့်စဉ်းစားနေပါတယ်။

ဒီဇာတ်ကားကို အခုနှစ်ဒီဇင်ဘာမှာ ရိုက်ကူးရေးစတင်ဖို့ စီစဉ်ခဲ့ပေမဲ့ အခု ထုတ်လုပ်ရေးရဲ့အချိန်ဇယားကို ပြောင်းလဲထားရပါတယ်။

Ref: Alia Bhatt will no longer play Sita in upcoming film ‘Ramayana’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top