အလုပ်ချိန်ကြောင့် တစ်ပတ်ကို နာရီ ၂၀ ပဲအိပ်ခဲ့ရတယ်လို့ သတင်းထွက်ပေါ်နေတဲ့ တရုတ်မင်းသားချော ကျန့်လင်ဟယ်

tin.jpg

အနုပညာရှင်တော်တော်များများဟာ အောင်မြင်မှုနဲ့အတူ အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ Pursuit of Jade ဇာတ်လမ်းတွဲနဲ့ အတော်လေးအောင်မြင်လာတဲ့ တရုတ်မင်းသားချော ကျန့်လင်ဟယ်ဆိုရင်လည်း အောင်မြင်မှုကြောင့် ဇာတ်လမ်းတွဲသစ်တွေရိုက်ကူးတာအပြင် ကြော်ငြာရိုက်တာ၊ Variety Show တွေမှာ ပါဝင်တာတွေလည်း လုပ်ဆောင်နေရပါတယ်။

သူဟာ The Road to Glory ဇာတ်လမ်းတွဲကို ရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။ အခုဆို သူ အလုပ်ချိန်များတာကြောင့် အိပ်ချိန်နည်းပါးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ သူ့ရဲ့ပရိသတ်တွေက သူ့ရဲ့တစ်နေ့တာအလုပ်အချိန်ဇယားကို ခန့်မှန်းတွက်ချက်ပြီး တစ်ပတ်ကို နာရီ ၂၀ ပဲ အိပ်စက်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

မတ်လနဲ့ ဧပြီလကြားမှာ ကျန့်လင်ဟယ်က ဇာတ်လမ်းတွဲရိုက်ကူးဖို့နဲ Variety Show ရိုက်ကူးဖို့ သွားလိုက်ပြန်လိုက် ခရီးထွက်နေခဲ့ရပါတယ်။ တစ်ခါတလေ မိုးမလင်းခင် ရိုက်ကွင်းကို ရောက်လာပြီး ချက်ချင်းပဲ အလုပ်စရပါတယ်။

နာရီအကြာကြီး အလုပ်လုပ်ရပါတယ်။ မေလ ၁ ရက်နေ့ကဆိုရင် သူဟာ ညသန်းခေါင်အထိ အလုပ်လုပ်ခဲ့ရပေမဲ့ နောက်နေ့ကျ မနက် ၈ နာရီခွဲ ရိုက်ကွင်းကို ပြန်လာခဲ့ရပါတယ်။ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ရပြီး ဇာတ်လမ်းတွဲနဲ့ပတ်သက်တဲ့ အင်တာဗျူးတွေလည်း ဖြေဆိုခဲ့ရပါတယ်။ အရမ်းအလုပ်များတဲ့အတွက် သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်းမြင့်တက်နေပါတယ်။

ဧပြီ ၂၈ ရက်နေ့က လင်ဟယ်ဟာ သွေးအတွင်းသကြားဓာတ်နည်းပါးတာနဲ့ ခြေထောက်ကြွက်သားဒဏ်ရာရတာကြောင့် ဆေးကုသမှုနဲ့ ရုပ်ပိုင်းဆိုင်ရာကုထုံးခံယူခဲ့ရပါတယ်။ ဒီလိုဖြစ်နေတာတောင် သူဟာ ရိုက်ကူးရေးနှောင့်နှေးမှာဆိုးတဲ့အတွက် အနားမယူခဲ့ပါဘူး။ သူ ခြေထောက်မရပ်နိုင်တာကို မြင်တွေ့ရသလို ဝန်ထမ်းရဲ့အကူအညီကို ရယူနေခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

လင်ဟယ်က လက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲပြီးသွားရင်တောင် နောက်ထပ်ရိုက်ကူးမှုတွေလုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

Ref: Zhang Linghe Reportedly Only Slept 20 Hours in 7 Days Amid Gruelling Work Schedule & Health Concerns

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top