အိန္ဒိယနိုင်ငံမှာ လက်ဖက်စိုက်ခင်း မြေပြိုလို့ သေဆုံးသူ ၄၉ ယောက်အထိ ရှိလာ

10-8-2020-yyl-040.jpg

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လက်ဖက်စိုက်ခင်းမှာ မြေပြိုကျလို့ ကလေး ၃ ယောက် အပါအဝင် အနည်းဆုံး လူ ၄၉ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့နှောင်းပိုင်းက လူအများဆုံးအိပ်ပျော်နေချိန်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၅ ယောက် ပျောက်ဆုံးနေပြီး ဒေသခံတပ်ဖွဲ့တွေနဲ့ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်လှုပ်ရှားရေး တပ်ဖွဲ့ဝင် ၅၀၀ ကျော်က အပျက်အစီးတွေကို ဖယ်ရှားရင်း ရှာဖွေမှုတွေ လုပ်နေပါတယ်။

လာမယ့် ၂၄ နာရီအတွင်း ကီရာလာပြည်နယ်ရဲ့ တချို့ဒေသတွေမှာ အလွန့်အလွန် မိုးကြီးနိုင်တယ်လို့ သြဂုတ်လ ၁၀ ရက်မှာ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကီရာလာပြည်နယ်မှာ ခရိုင် ၁၄ ခုရှိတဲ့အနက် ၇ ခုမှာတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက အနီရောင်သတိပေးချက် ထုတ်ပြန်ထားရတာပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top