Farc ပါတီခေါင်းဆောင်ကို လုပ်ကြံဖို့ ကြိုးပမ်းမှုကို ကိုလံဘီယာရဲတပ်ဖွဲ့ တားဆီးနိုင်ခဲ့

yyl-005-6.jpg

လက်နက်ချအလင်းဝင်ခဲ့တဲ့ Farc အဖွဲ့ခေါင်းဆောင်ဟောင်း တိုင်မိုချန်ကိုကို လုပ်ကြံဖို့ ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့တယ်လို့ ကိုလံဘီယာရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့စနေနေ့က သတင်းပေးချက်အရ ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ တိုင်မိုချန်ကိုနေထိုင်ရာ လယ်တောအိမ်နားက လမ်းပေါ်မှာ လုပ်ကြံရေးသမား ၂ ယောက်ကို ကြားဖြတ်တားဆီးပြီး အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အလင်းဝင်ရာမှာ ပါဝင်လာခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်စွဲနေဆဲဖြစ်တဲ့ Farc အဖွဲ့ လက်နက်ကိုင်တွေက တိုင်မိုချန်ကိုကို သတ်ဖို့ ညွှန်ကြားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်ထားတဲ့ Farc အဖွဲ့တပ်မှူးဟောင်း အိုင်ဗန်မားကွက်ဇ်နဲ့ ဗီလက်စ်ကွက်ဇ်တို့ကတိုင်မိုချန်ကိုကို လုပ်ကြံဖို့ ညွှန်ကြားခဲ့တယ်လို့ ကိုလံဘီယာ အမျိုးသားရဲတပ်ဖွဲ့ဒါရိုက်တာဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အတီဟော်တူအာက ပြောပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးစာချုပ်ကို ငြင်းဆန်ခဲ့ကြသူတွေပါ။ လက်ဝဲဝါဒရှိတဲ့ Farc အဖွဲ့ဟာ ၄ နှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Farc နိုင်ငံရေးပါတီ တည်ထောင်ခဲ့ပြီး အဲဒီပါတီကိုလည်း တိုင်မိုချန်ကိုကပဲ ဦးဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သမ္မတ အိုင်ဗန်ဒူကေးက Farc အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းပေးနိုင်ရင် ဆုတော်ငွေ ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top