COVID-19 ရောဂါကို တွန်းလှန် တိုက်ဖျက်ဖို့ အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံ ဖွင့်လှစ်

29-6-2020-yyl-002.jpg

တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ဖို့ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံကို ဖွင့်လှစ်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ COVID-19 ဆေးရုံတွေထဲမှာ အကြီးဆုံး ဆေးရုံတစ်ရုံဖြစ်တဲ့ Sardar Patel COVID Care Centre ကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တစ်စိတ်တစ်ပိုင်း စတင်ဖွင့်လှစ်လိုက်ပါပြီ။ ဆေးရုံခုတင် ၁၀,၀၀၀ ရှိတဲ့အနက် ၂၀၀၀ ကို စတင်အသုံးပြုနေပြီလို့ ဒေလီအစိုးရအဖွဲ့က ပြောပါတယ်။

ကျန်ရှိနေတဲ့ ဆေးရုံခုတင် ၈၀၀၀ ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ အသုံးပြုမယ်လို့ ဆိုပါတယ်။ အဲဒီဆေးရုံဟာ နယူးဒေလီမြို့ ချက်တာပူရ်အရပ်မှာရှိပြီး ကမ္ဘာ့အကြီးဆုံး ဆေးရုံတစ်ရုံလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် စံချိန်တင် မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ ၁၉၉၀၆ ယောက်၊ သေဆုံးသူ ၄၁၀ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ COVID-19 လူနာစုစုပေါင်း ၅၂၈,၈၅၉ ယောက်ရှိနေပြီး သေဆုံးသူ ၁၆,၀၉၅ ရှိပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top