COVID-19 ကူးစက်ပျံ့နှံ့နေချိန်မှာ ဆင်းရဲသားတွေကို အစားအစာနဲ့ ငွေကြေးထောက်ပံ့ပေးဖို့ အိန္ဒိယစီစဉ်

yyl-india.jpg

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးရိုက်ခတ်မှုတွေကို တွန်းလှန်ရာမှာ ဆင်းရဲသားတွေအတွက် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံ တန်ကြေးရှိတဲ့ ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ် ဖော်ဆောင်သွားမယ်လို့ အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။

”ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ဆာလောင်ငတ်မွတ် မခံစေချင်ပါဘူး။ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမျှ ပိုက်ဆံပြတ်လပ်နေတာမျိုး အဖြစ်မခံစေချင်ပါဘူး”လို့ အိန္ဒိယနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဆီသာရာမန်က ပြောပါတယ်။ ဘဏ္ဍာရေးထောက်ပံ့မယ့်စီမံချက်မှာ အရေးပေါ်အကူအညီလိုအပ်နေသူတွေအတွက် အစားအစာ ပေးဝေတာ၊ ငွေကြေးပံ့ပိုးတာ အစရှိတဲ့ အစီအစဉ်တွေပါဝင်နေပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၆၆၅၀၀ အထိ ရရှိနိုင်မယ့် ကျန်းမာရေးအာမခံရရှိမယ်လို့ ဆီသာရာမန်က ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေး ထောက်ပံ့မယ့် စီမံချက်ဟာ ပြည်တွင်း ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းပဲရှိပြီး အမေရိကန်၊ စင်ကာပူနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းလွန်းတယ်လို့ ဝေဖန်ထားကြပါတယ်။ အမေရိကန်နဲ့ စင်ကာပူနိုင်ငံတွေမှာ ဘဏ္ဍာရေး ထောက်ပံ့မှုအစီအစဉ်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ပြီးခဲ့တဲ့လက ၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top