ဆယ်ဖီရိုက်ရင်း လွတ်ကျသွားတဲ့ဖုန်း ပြန်ရအောင် ဆည်ထဲက ရေလီတာ ၂ သန်း စုပ်ထုတ်ခဲ့တဲ့ အိန္ဒိယအရာရှိ တာဝန်မှ ဆိုင်းငံ့ခံရ

29.5.2023-yyl-4.jpg

ဆယ်ဖီ ရိုက်နေရင်း လွတ်ကျသွားတဲ့ ဖုန်း ပြန်ရဖို့ ဆည်ထဲက ရေလီတာ ၂ သန်းကို ရေစုပ်စက်နဲ့ စုပ်ထုတ်ပစ်ခဲ့တဲ့ အိန္ဒိယအရာရှိဟာ တာဝန်မှ ဆိုင်းငံ့ခံခဲ့ရပါတယ်။ အစားအသောက် စစ်ဆေးရေးအရာရှိ ဗီဆွာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မိတ်ဆွေတစ်ဦးနဲ့အတူ လျှောက်လည်ရင်း ချက်တီစဂါပြည်နယ်က ရှုခင်းသာယာတဲ့ ပါရာကော့ဆည်မှာ ဆယ်ဖီ ရိုက်နေရင်း သူ့ရဲ့ ဆမ်ဆောင်းဖုန်းက ဆည်ထဲ လွတ်ကျသွားခဲ့တာပါ။

ဗီဆွာဟာ သူ့ဖုန်းကို ပြန်ကောက်ပေးဖို့ အနီးပတ်ဝန်းကျင်က လူတွေကို အကူအညီတောင်းခဲ့ပေမဲ့ သူတို့ကလည်း ဆည်ထဲမှာ ရေများလွန်းလို့ ရေမငုပ်ရဲကြပါဘူး။ အဲဒီနောက်မှာ သူက ရေစုပ်စက်တစ်လုံးငှားပြီး ၄ ရက်အတွင်း ဆည်ထဲက ရေလီတာ ၂ သန်းကို စုပ်ထုတ်ပစ်ခဲ့တာပါ။ သူဟာ ဆည်ထဲက ရေတွေကို စုပ်ထုတ်ဖို့ ခရိုင်အရာရှိထံမှာ ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အပူချိန် မြင့်မားနေတဲ့ကာလမှာ ဆည်ထဲက ရေတွေကို အလဟသ ဖြုန်းတီးမှုနဲ့ သူ့အထက် အရာရှိတွေက ဗီဆွာကို ရာထူးကနေ ဆိုင်းငံ့လိုက်တာပါ။

Ref: Indian official drains reservoir to retrieve phone dropped while taking selfie

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply