ဘောလုံးကွင်း တစ်ကွင်းစာ ကြီးမားတဲ့ သိုးမွေးစောင်ထိုးပြီး အိန္ဒိယအမျိုးသမီးတွေက ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ Mother India’s Crochet Queens အဖွဲ့ရဲ့ သိုးမွေးစောင်ဟာ စတုရန်းပေ ၁၂၀၀၀၀ ကျော် အရွယ်အစားရှိပါတယ်။
![](https://yoyarlay.com/wp-content/uploads/2023/02/28.2.2023-image-17.jpg)
![](https://yoyarlay.com/wp-content/uploads/2023/02/28.2.2023-image-18.jpg)
Mother India’s Crochet Queens အဖွဲ့ရဲ့ ကြိုးပမ်းမှုမှာ အသက် ၈ နှစ်ကနေ ၈၅ နှစ်ကြားအရွယ်ရှိသူ ၁၀၀၀ ကျော် ပါဝင်ခဲ့ပြီး အလျားxအနံ လက်မ ၄၀ စီရှိတဲ့ သိုးမွေးစောင်ငယ်တွေ ဝိုင်းထိုးပေးခဲ့ကြတာပါ။ အဲဒီစောင်ငယ်တွေကို ပေါင်းစပ်ပြီး ဧရာမစောင်ကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Ref: Indian women make largest crochet blanket ever then donate it to charity
Team (ရိုးရာလေး)