ဂရိနိုင်ငံမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူ ၃၂ ဦး သေဆုံး

1.3.2023-image-1.jpg

ဂရိနိုင်ငံမှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတိုက်မိလို့ အနည်းဆုံး လူ ၃၂ ယောက် သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ခရီးသည်တင်ရထားထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ညလုံးပေါက် ဆောင်ရွက်နေပါတယ်။

ဂရိနိုင်ငံမြောက်ပိုင်း လာရစ်ဆာမြို့နားမှာ ရထားနှစ်စင်း တိုက်မိခဲ့တာပါ။ ခရီးသည်တင်ရထားပေါ်မှာ ခရီးသည် ၃၅၀ ဝန်းကျင်လိုက်ပါလာတယ်လို့ ဆိုပါတယ်။ ရထားနှစ်စင်း တိုက်မိတဲ့အကြောင်းရင်းကို အခုချိန်ထိ မသိရသေးပါဘူး။

ရထားတိုက်မိတဲ့အရှိန်က အလွန်ပြင်းထန်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ခက်ခက်ခဲခဲ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ရထားနှစ်စင်း တိုက်မိချိန်မှာ ငလျင်လှုပ်သွားသလို ခံစားခဲ့ရကြောင်း အန်ဂျလော့စ်လို့ အမည်ရတဲ့ ခရီးသည်တစ်ယောက်က ပြောပါတယ်။

Ref: Carnage after trains collide near Greek city of Larissa

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top