သမီးဖြစ်သူ ကိုယ်ဝန်ဆောင်နိုင်ဖို့ သားအိမ်ထုတ်ပေးခဲ့တဲ့ မိခင်

28.2.2023-image-14.jpg

ဩစတြေးလျအမျိုးသမီးတစ်ဦးက မိခင်ဖြစ်သူဆီက သားအိမ်ယူပြီး အစားထိုးကုသမှုခံယူအပြီးမှာ ကလေးရနိုင်မယ့်မျှော်လင့်ချက်ရှိနေပါပြီ။ ကာစတီ ဘရိုင်ယန်ဆိုတဲ့ အဲ့ဒီအမျိုးသမီးက သားအိမ်အစားထိုးကုသမှုကို ခံယူခဲ့တဲ့ ပထမဆုံးဩစတြေးလျအမျိုးသမီးဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အသက် ၃၀ အရွယ် ဘရိုင်ယန်ဟာ အသက်၅၄ နှစ်အရွယ် မိခင်ဖြစ်သူ မီချဲဟေတန်ရဲ့သားအိမ်နဲ့အစားထိုးကုသမှုလုပ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်က ဘရိုင်ယန်ဟာ သူ့ရဲ့သမီးလေး ဗွိုင်လက်ကို မွေးဖွားခဲ့ပြီးနောက် အရေးပေါ်သားအိမ်ခွဲစိတ်မှုလုပ်ခဲ့လို့ ကလေးမယူနိုင်တော့တာပါ။

အမေဖြစ်သူမီချဲက ဘရိုင်ယန် ကလေးယူနိုင်ဖို့အတွက် သူ့သားအိမ်ထုတ်ပေးရမှာကို မငြင်းခဲ့ပါဘူး။ ခွဲစိတ်ဆရာဝန်တွေက မီချဲရဲ့သားအိမ်ကို ကိုယ်တွင်းအင်္ဂါတွေနဲ့ သွေးကြောများစွာကနေ ဖယ်ထုတ်ခဲ့ရတဲ့အတွက် ခွဲစိတ်ခန်းမှာ အချိန် ၁၁ နာရီကြာခဲ့ပါတယ်။

ဒီခွဲစိတ်ကုသမှုတွေကို ၂၀၁၄ ခုနှစ်က ကမ္ဘာ့ပထမဆုံးသားအိမ်အစားထိုးကုသမှုလုပ်ခဲ့တဲ့ ပရော်ဖက်ဆာမတ်စ် ဘရန်စတွန်က ဦးဆောင်ခဲ့တာပါ။ သားအိမ်ထုတ်ပြီးတဲ့နောက်မှာ ဘရိုင်ယန်ဆီ အစားမထိုးခင် သားအိမ်ကို သန့်စင်ခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်တာကလည်း ဩစတြေးလျသားဖွားခြင်းဆိုင်ရာကုသမှုအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

ခွဲစိတ်မှုအပြီး နှစ်လမပြည့်သေးတဲ့အချိန် မီချဲက သူ့ရဲ့ဆီးအိမ်မှာ နေလို့မကောင်းသေးပါဘူး။ ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်းကို ခံစားခဲ့ရပေမဲ့ ဒီအတွက် သူ နောင်တမရဘူးလို့ ဆိုပါတယ်။ ဘရိုင်ဘန်က‌တော့ ကလေးယူလို့ရနိုင်မလားသိရဖို့ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

အရင်က ပရောဖက်ဆာဘရန်စတွန်ဟာ ဆွီဒင်နိုင်ငံက သားအမိကို အလားတူလုပ်ထုံးလုပ်နည်းကို ပြုလုပ်ခဲ့ပြီး ကျန်းမာသန်စွမ်းတဲ့ကလေးရတဲ့ ရလဒ်လည်းထွက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ကြာ သားအိမ်အစားထိုးကုသမှုခံယူခဲ့တဲ့ အမျိုးသမီးတွေမှာ တစ်ဝက်ကျော်က အောင်မြင်စွာကိုယ်ဝန်ဆောင်ခဲ့ကြပါတယ်။

Ref: Mother donates womb to daughter who she grew in it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top